[English Below]

Thai AirAsia ၏ လေကြောင်းခရီးစဉ်များ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြန်လည်ပြေးဆွဲ

Thai AirAsia ၏ လေကြောင်းခရီးစဉ်များကို ယနေ့ (၂၀၂၂) ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့ မှ စတင်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြန်လည်ပြေးဆွဲခဲ့ပြီဖြစ်ပါသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အနေဖြင့် ယနေ့ ဇူလိုင်လ (၁) ရက်နေ့ ဒေသစံတော်ချိန် မနက် (၈) နာရီ (၂၅) မိနစ်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ ပျံသန်းဆိုက်ရောက်လာသော Thai AirAsia ၏ လေယာဉ်အမှတ် - FD252 အား ဝမ်းမြောက်စွာ ကြိုဆိုခဲ့ပါသည်။

Thai AirAsia မှ ရန်ကုန်မြို့ နှင့် ဘန်ကောက်မြို့အကြား အပတ်စဉ် တနင်္လာနေ့၊ သောကြာနေ့ နှင့် တနင်္ဂနွေနေ့တိုင်း (တစ်ပတ်လျှင် ၃ ကြိမ်) တိုက်ရိုက်ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်သည်။ ခရီးသည်များအနေဖြင့် မိမိတို့၏ ခရီးစဉ်များနှင့် ပက်သက်ပြီး သိရှိလိုသည်များကို https://www.facebook.com/airasiasuperapp.mm/ သို့ တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ပါသည်။

Read more

[TRAVEL ADVISORY]

ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ် Relief Flight နှင့် ဝင်ရောက်လာမည့် မြန်မာနိုင်ငံသားများအတွက် အသွားအလာကန့်သတ်မှုနှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း ဆောင်ရွက်မည့် အစီအစဉ် (၁၅-၆-၂၀၂၂)

မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ၁၅-၆-၂၀၂၂ ရက်စွဲဖြင့် ထုတ်ပြန်လာသော ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ် Relief Flight နှင့် ဝင်ရောက်လာမည့် မြန်မာနိုင်ငံသားများအတွက် အသွားအလာကန့်သတ်မှုနှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း ဆောင်ရွက်မည့် အစီအစဉ်များမှာ ဖော်ပြပါ အတိုင်းဖြစ်သည်။ သတ်မှတ်ချက်များမှာ - ၂၀၂၂ ခုနှစ်၊ ဇွန်လ (၁၅) ရက်နေ့မှ စတင် သက်ရောက်မည်ဖြစ်ပါသည်။ မှတ်ချက် - ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ် (Relief Flight) များတွင် နိုင်ငံခြားသားခရီးသည်များအား လိုက်ပါခွင့်ပြုမည်မဟုတ်ပါ။

Read more

[TRAVEL ADVISORY]

နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်များ (Scheduled Commercial Flight) ဖြင့် မြန်မာနိုင်ငံသို ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များ (၁၅-၆-၂၀၂၂)

မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ၁၅-၆-၂၀၂၂ ရက်စွဲဖြင့် ထုတ်ပြန်လာသော နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်များ (Scheduled Commercial Flight) ဖြင့် မြန်မာနိုင်ငံသို ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များမှာ ဖော်ပြပါ အတိုင်းဖြစ်သည်။ သတ်မှတ်ချက်များမှာ - ၂၀၂၂ ခုနှစ်၊ ဇွန်လ (၁၅) ရက်နေ့မှ စတင် သက်ရောက်မည် ဖြစ်ပါသည်။

Read more

[English Below]

AirAsia (Berhad) ၏ လေကြောင်းခရီးစဉ်များ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြန်လည်ပြေးဆွဲ

AirAsia (Berhad) ၏ လေကြောင်းခရီးစဉ်များကို ယနေ့ (၂၀၂၂) ခုနှစ်၊ ဇွန်လ (၃) ရက်နေ့ မှ စတင်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြန်လည်ပြေးဆွဲခဲ့ပြီဖြစ်ပါသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အနေဖြင့် ယနေ့ ဇွန်လ (၃) ရက်နေ့ ဒေသစံတော်ချိန် မနက် (၈) နာရီ (၁၀) မိနစ်တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှ ပျံသန်းဆိုက်ရောက်လာသော AirAsia (Berhad) ၏ လေယာဉ်အမှတ် - AK 505 အား ဝမ်းမြောက်စွာ ကြိုဆိုခဲ့ပါသည်။ 

AirAsia (Berhad) မှ ရန်ကုန်မြို့ နှင့် ကွာလာလမ်ပူမြို့အကြား အပတ်စဉ် တနင်္လာ နှင့် သောကြာနေ့တိုင်း (တစ်ပတ်လျှင် ၂ ကြိမ်) တိုက်ရိုက်ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်သည်။
ခရီးသည်များအနေဖြင့် မိမိတို့၏ ခရီးစဉ်များနှင့် ပက်သက်ပြီး သိရှိလိုသည်များကို https://www.facebook.com/airasiasuperapp.mm/သို့ တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ပါသည်။

COVID-19 ကမ္ဘာ့ကပ်ရောဂါဘေး အခြေအနေများကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာ ခရီးသည်တင် လေကြောင်းခရီးစဉ် ပျံသန်းပြေးဆွဲမှုများကို (၂၀၂၀) ခုနှစ်၊ မတ်လ (၂၉) ရက်နေ့ မှ စတင် ဆိုင်းငံ့ထားခဲ့ရာမှ (၂) နှစ်အကြာ ၂၀၂၂ ခုနှစ်၊ ဧပြီလ(၁၇)ရက်နေ့မှ စတင်ကာ နိုင်ငံတကာ ခရီးသည်တင် လေကြောင်းခရီးစဉ်များကို ပြန်လည် ပြေးဆွဲပျံသန်းခဲ့သည်။ 

Read more

[English Below]

Yangon Aerodrome Company Limited (YACL) ဦးဆောင်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်ပြီးစီး

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (YIA) အား စီမံခန့်ခွဲဝန်ဆောင်မှု ပေးလျှက်ရှိသော Yangon Aerodrome Company Limited (YACL) သည် ၎င်း၏ AEP (Airport Emergency Plan) တွင် ပါဝင် ချမှတ်ထားသော စံသတ်မှတ်ချက်များ၏ တစိတ်တပိုင်းဖြစ်သည့် မီးဘေးလုံခြုံရေး ဇာတ်တိုက် လေ့ကျင့်မှုကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal - 1 ၏ မြေအောက်ထပ်တွင် ၂၀၂၂ခုနှစ်၊ ဇွန်လ (၁) ရက်နေ့ နေ့လည် (၁) နာရီ (၄၅)မိနစ် တွင်ပြုလုပ်ခဲ့သည်။

အဆိုပါလေ့ကျင့်ခန်းသည် သက်ဆိုင်ရာမှ ချမှတ်ပေးထားသော စံနှုန်းများအတိုင်းလိုက်နာ၍ ပုံမှန်ပြုလုပ် လေ့ကျင့်ဆောင်ရွက်ရသည့် လေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး၊ YACL၏ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အသုံးပြုသူ ခရီးသည်များ နှင့် လေဆိပ်အတွင်းရှိ ဝန်ထမ်းများ ဘေးကင်းရေးနှင့် လုံခြုံရေးကို အစဉ် အလေးထားသည့် စံသတ်မှတ်ချက်များနှင့်အညီ လက်တွေ့တွင်လည်း မီးဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက အချိန်တိုအတွင်း ဘေးကင်းရာသို့ ထွက်ခွာနိုင်စေရန် ဇာတ်တိုက်ပေးသည့် လုပ်ဆောင်မှု တစ်ခုပင်ဖြစ်ပါသည်။

လေ့ကျင့်မှုကို Terminal-1 ၏ မြေအောက်ထပ် (လေကြောင်းလိုင်းရုံးခန်းများ တည်ရှိရာနေရာ) တွင် မီးလောင်မှုဖြစ်ပွားသည့် အသွင်ကိုဖော်ဆောင်သော ဇာတ်တိုက်လေ့ကျင့်မှု အဖြစ် ဆောင်ရွက်ခဲ့ကြပါသည်။ YACL၏ မီးသတ်အဖွဲ့ဝင်များမှလည်း မီးလောင်မှုဖြစ်ပွားရာ နေရာတွင် ဖြစ်ပေါ်လာသော မီးခိုးများ၊ မီးတောက်များအား မီးသတ်ဆေးဘူးများ၊ မီးသတ်ပိုက်များ အသုံးပြု၍ ငြှိမ်းသတ်ခြင်း၊ မီးလောင်မှု စတင်သည်နှင့်တပြိုင်နက် ထွက်ပေါ်လာသော အရေးပေါ် အချက်ပေးသံများဖြင့် မြေအောက်ထပ်ရှိ လေဆိပ်ဝန်ထမ်းများ၊ လေဆိပ်အသုံးပြုသူများအားလုံးကို ဘေးကင်းရာသို့ စနစ်တကျ ထွက်ခွာစေခြင်း၊ လုံခြုံစိတ်ချရသော စုရပ်နေရာတွင် စုဝေးကာ လက်တွေ့အခြေအနေတွင် လုပ်ဆောင်ရမည့်အချက်များကို သရုပ်ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။

လေ့ကျင့်မှုအား မွန်းလွဲ (၂) နာရီ (၁၅) မိနစ်တွင် အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ပါသည်။

Read more

Subcategories

[Travel Advisory]

PASSENGER SERVICE CHARGE (PSC) UPDATE

Effective May 12, 2025, the Passenger Service Charge (PSC) will be adjusted to USD 25 for international departures and MMK 15,000 for domestic departures.

This change applies to all tickets purchased before 12 May 2025, if your travel date is on or after the mentioned date.

Passengers who purchased tickets before the 12 May, 2025,  are advised to contact their respective airlines or travel agencies for further information OR to pay at designated payment counters located in Terminal.

We appreciate your understanding and cooperation.

YIA Web


© Copyright 2018 by Yangon Aerodrome.