[English Below]
သတင်းထုတ်ပြန်ချက်
ရန်ကုန် - စက်တင်ဘာလ ၆ ရက် ၊ ၂၀၁၉ ခုနှစ်
လေးစားအပ်ပါသော ခရီးသွားပြည်သူများသို့ ပန်ကြားချက်
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (YIA) အား စီမံခန့်ခွဲဝန်ဆောင်မှုပေးနေသော Yangon Aerodrome Company Limited (YACL) အနေဖြင့် ယမန်နေ့ စက်တင်ဘာလ ၅ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (YIA) ၏ လေယာဉ်ပြေးလမ်းတွင် တပ်မတော်လေယာဉ်တစ်စီးပြေးလမ်းချော်မှုဖြစ်ပွားခဲ့သောကြောင့် လေယာဉ်ပြေးလမ်းပိတ်ထားခဲ့ရပြီး ရာသီဥတုအခြေအနေ ဆိုးဝါးမှုကြောင့် ပြေးလမ်းပိတ်ထားချိန် ထပ်မံကြာမြင့်ခဲ့ရကြောင်း အသိပေးလိုပါသည်။ မြန်မာ့တပ်မတော် (လေ) မှ ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့သော လေယာဉ်ကို ပြေးလမ်းပေါ်မှ အမြန်ဆုံးဖယ်ရှားရန် အတတ်နိုင်ဆုံးဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပြေးလမ်းပိတ်ထားချိန် ကြာမြင့်ခဲ့ရပါသည်။ ဤကဲ့သို့ကြာမြင့်ခဲ့မှုကြောင့် လေယာဉ်ခရီးစဉ်များစွာ အခြားလေဆိပ်များသို့ လွှဲပြောင်း ဆင်းသက်ခဲ့ရမှု၊ နောက်ကျမှု နှင့် ခရီးစဉ်ဖျက်သိမ်းမှုများ ဖြစ်ပွားခဲ့ရပါသည်။
Congratulations Bagan!
Congratulations Myanmar!
Yangon Aerodrome Company Limited (“YACL”) joins the nation in celebrating the awarding of World Heritage status to one of Myanmar’s most ancient cities, Bagan.
The United Nations Educational, Scientific and Cultural Organization (“UNESCO”) awarded Myanmar’s temple city of Bagan World Heritage status on Saturday 6th July 2019, more than two decades after its first nomination, due to the strong and passionate effort of the Myanmar people.
UNESCO made the announcement based on the recommendation of the International Council on Monuments and Sites (ICOMOS) during its 43rd session of the World Heritage Committee in Baku, Azerbaijan.
Bagan was first nominated as a World Heritage Site in 1995 but unfortunately, the proposal was rejected.
Bagan became the second heritage site in Myanmar after the Pyu Ancient Cities – Hanlin, Beikthano and Sri Ksetra – which were added during the 38th session of the World Heritage Committee on 22nd June 2014.
Bagan is home to more than 2,000 sacred monuments dating back to the 9th century, according to the Ministry of Hotels and Tourism.
YACL believes this announcement will help in the preservation and protection of Bagan, as well as boost travel and tourism in Myanmar.
“ဂုဏ်ယူဝမ်းမြောက်မိပါသည် ပုဂံ”
“ဂုဏ်ယူဝမ်းမြောက်မိပါသည် မြန်မာ”
မြန်မာနိုင်ငံ၏ ရှေးအကျဆုံးမြို့တော်များအနက်မှ တစ်ခုဖြစ်သော ပုဂံမြို့တော်၏ ကမ္ဘာ့အမွေအနှစ်ဝင်ဒေသ တစ်ခုအဖြစ် အသိအမှတ်ပြုမှတ်တမ်းတင်ခံရမှုအပေါ် မြန်မာတစ်နိုင်ငံလုံးနှင့်အတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေသော Yangon Aerodrome Company Limited (“YACL”) မှလည်း အတူတကွပါဝင်ဂုဏ်ပြုလိုက်ပါသည်။
ပထမအကြိမ်ပဏာမရွေးချယ်ခြင်းခံရပြီး ဆယ်စုနှစ် နှစ်ခုကုန်လွန်ပြီးနောက်တွင် မြန်မာပြည်သူပြည်သားများ၏ မလျှော့သော ဇွဲလုံ့လဖြင့် အားစိုက်ထုတ်မှုတို့ကြောင့် ကမ္ဘာ့ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့ (“UNESCO”) မှ မြန်မာ့ဘုရားပုထိုးမြို့တော်ပုဂံကို ကမ္ဘာ့အမွေအနှစ်ဝင်ဒေသတစ်ခုအဖြစ် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၆ ရက်တွင် စာရင်းသွင်းဖော်ပြခဲ့ပါသည်။
အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့၌ ကျင်းပပြုလုပ်သော ၄၃ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံ အစည်းအဝေး၌ The International Council on Monuments and Sites (ICOMOS) ၏ ထောက်ခံမှုဖြင့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသအဖြစ် တင်သွင်းနိုင်ရန် ဆွေးနွေးရာတွင် UNESCO မှ သဘောတူကြေညာချက်ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါသည်။
၁၉၉၅ ခုနှစ်တွင် ပုဂံကို ကမ္ဘာ့အမွေအနှစ်ဝင်ဒေသတစ်ခုအဖြစ် စာရင်းသွင်းနိုင်ရန် ပထမဆုံးအကြိမ်အဖြစ် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော်လည်း ယင်းအဆိုပြုချက်ကို ပယ်ချခြင်းခံခဲ့ရပါသည်။
၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၂ ရက်တွင် ကျင်းပပြုလုပ်ခဲ့သော ၃၈ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံ အစည်းအဝေး၌ စာရင်းသွင်းဖော်ပြခြင်းခံခဲ့ရသော ပျူရှေးဟောင်းမြို့တော်များဖြစ်သည့် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာမြို့များနောက်ပိုင်း ပုဂံသည် မြန်မာနိုင်ငံ၏ ဒုတိယမြောက် ကမ္ဘာ့အမွေအနှစ်ဝင်ဒေသဖြစ်လာခဲ့ပါ သည်။ ပုဂံမြို့တော်၌ ၉ ရာစုနှောင်းပိုင်း သန့်ရှင်းမွန်မြတ်သော ရှေးဟောင်းဘုရားပုထိုးများ ၂၀၀၀ ကျော်ခန့် ကိန်းဝပ် သပ္ပာယ်နေကြောင်းကို ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၏ ဖော်ပြချက်အရ သိရှိရပါသည်။
ယခုကဲ့သို့ ကမ္ဘာ့အမွေအနှစ်ဝင်ဒေသတစ်ခုအဖြစ် ထုတ်ပြန်ကြေညာခြင်းခံရမှုသည် ပုဂံကို ရေရှည်တည်တံ့ခိုင် မြဲအောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရာ၌ ကူညီပေးနိုင်ရုံသာမက မြန်မာ့ခရီးသွားလုပ်ငန်းတိုးတက်ဖွံ့ဖြိုး နိုင်ရေးအတွက် တွန်းအားတစ်ခုဖြစ်စေနိုင်လိမ့်မည်ဟု YACL မှ ယုံကြည်မိပါသည်။