Travel Alert: English Below

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Grab EV Taxi Service စတင်ပြေးဆွဲ ဝန်ဆောင်မှုပေး

Grab EV Taxi လိုက်ပါစီးနင်းမှု အတွေ့အကြုအသစ်အတွက် ဝန်ဆောင်မှုပေးဖို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အဆင်သင့်ဖြစ်နေပါပြီ!

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ဝန်ဆောင်မှုအသုံးပြုသူ ခရီးသည်များအတွက် Eco-Friendly ဖြစ်ပြီး ကာဗွန်ထုတ်လွှတ်မှု လုံး၀မရှိသော Grab EV Taxi ဝန်ဆောင်မှုကို (၂၀၂၃) ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့မှ စတင် ဝန်ဆောင်မှုပေးနေပြီ ဖြစ်ပါသည်။ ခရီးသည်များအနေဖြင့် စမ်းသပ်ပြေးဆွဲကာလအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal (1) နှင့် (3) ရှိ Grab Taxi Service Counter များမှတဆင့် Booking ပြုလုပ် စီးနင်းနိုင်ပါသည်။ စီးနင်းလိုက်ပါမှုအတွက် ဘေးကင်းရုံသာမက ကာဗွန်ထုတ်လွှတ်မှု လျှော့ချရာတွင်လည်း အထောက်အကူဖြစ်စေသည့် Grab EV Taxi ဝန်ဆောင်မှုသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး ကတိကဝတ် စံနှုန်းများနှင့်လည်း ကိုက်ညီမှုရှိပါသည်။

အသေးစိတ်အချက်အလက်များကို https://www.facebook.com/GrabMM တွင်လည်း ကြည့်ရှုနိုင်ပါသည်။ 

Read more

Travel Advisory: Visa On Arrival 

Visa Exemption for Diplomatic Passport/Special Passport Holders from Bangladesh

Effective 27th September 2023, The Republic Union of Myanmar, has allowed for Arrival Visa exemption and 90 days stay allowance for Myanmar-Bangladesh Diplomatic Passports/Special Passport holders.

Read more

Airport of Thailand (AOT) မှ Advanced Aircraft Fire Fighting Rescue Course (လေယာဉ်မီးငြှိမ်းသတ် ကယ်ဆယ်ရေး အဆင့်မြင့် သင်တန်း) အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လာရောက်ပို့ချ

ရန်ကုန်၊ မြန်မာ၊ (၂၀၂၃) ခုနှစ်၊ အောက်တိုဘာလ (၄) ရက် - ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (YIA) အား စီမံခန့်ခွဲ ဝန်ဆောင်မှု ပေးလျှက်ရှိသော Yangon Aerodrome Company Limited (YACL) သည် ၎င်း၏ လေဆိပ်ဝန်ဆောင်မှု အသုံးပြုသူ ခရီးသည်များ နှင့် မိတ်ဖက်လုပ်ငန်းများ၏ ဘေးအန္တရာယ်ကင်းရှင်းလုံခြုံရေးအတွက် ချမှတ်ထားသော စံသတ်မှတ်ချက်၊ ကတိကဝတ်များ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် Airport of Thailand (AOT) မှ နည်းပြများ ပို့ချသော “Aircraft Fire Fighting Rescue Course (လေယာဉ် မီးငြှိမ်းသတ် ကယ်ဆယ်ရေး အဆင့်မြင့် သင်တန်း)” အား (၂၀၂၃) ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်နေ့တွင် ပြီးမြောက်ခဲ့ပြီ ဖြစ်ပါသည်။

Download Here for MM Version Press Release: Click Here.

Read more

English Below

 

Yangon Aerodrome Company Limited (YACL) နှင့် Auston University (AU) ၊ Chindwin Technological University (CTU) တို့ပူးပေါင်းဆောင်ရွက်သော အပတ်စဉ် (၁/၂၀၂၃) အလုပ်သင်အစီအစဉ် (Internship Program) ပြီးမြောက်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား စီမံခန့်ခွဲဆောင်ရွက်ပေးလျှက်ရှိသော Yangon Aerodrome Company Limited (YACL) သည် လေကြောင်းဆိုင်ရာ အင်ဂျင်နီယာနှင့် ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ အလုပ်သင်အစီအစဉ် (Internship Program) အပတ်စဉ် (၁ / ၂၀၂၃) သည် (၂၀၂၃) ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက် နေ့တွင် ပြီးမြောက်ခဲ့ခြင်းအတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါသည်။ အလုပ်သင်အစီအစဉ် ပြီးမြောက်မှုလက်မှတ်များကို Auston University (AU) နှင့် Chindwin Technological University (CTU) တို့မှ ထူးချွန်ကျောင်းသား (၄) ဦးအား ပေးအပ်ခဲ့ကြပြီး လက်မှတ်ပေးအပ်ခြင်းအခမ်းအနားတွင် ကျောင်းသားများက သင်ယူလေ့လာခဲ့မှုများအပေါ် ၎င်းတို့စိတ်ဝင်စားသော ကဏ္ဍအလိုက် ခေါင်းစဉ်များဖြင့် YACL Management နှင့် သက်ဆိုင်ရာ Institutes များ၏ နည်းပြများထံ

  • Automation of Passenger Boarding Bridges
  • Automation Design of ATS and AMF of Generators
  • Improvement of Baggage Handling Design
  • Prototype Design of Warehouse Automation ခေါင်းစဉ်အသီးသီးဖြင့် တင်ပြခဲ့ကြပါသည်။

အဆိုပါ အလုပ်သင်အစီအစဉ်သည် YACL အနေဖြင့် (၂၀၂၃) ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့တွင် Auston University (AU) ၊ Chindwin Technological University (CTU) တို့နှင့် အလုပ်သင်အစီအစဉ်အတွက် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးမှုအပြီးတွင် စတင်ခဲ့သော မှတ်တိုင်တစ်ခု ဖြစ်ပါသည်။ အလုပ်သင်အစီအစဉ် သင်ကြားရေး (Program) ကိုအလုပ်သင်ကျောင်းသားများအတွက် လေကြောင်းဆိုင်ရာအင်ဂျင်နီယာ နှင့် ပြုပြင်ထိန်းသိမ်းမှု နယ်ပယ်အား လက်တွေ့ သင်ယူမှုအဖြစ် လေ့လာနိုင်စေရန် ရေးဆွဲထားခြင်း ဖြစ်ပါသည်။

"လေ့ကျင့်ရေးကာလတစ်လျှောက်မှာ အလုပ်သင်ကျောင်းသားတွေရဲ့ ကျွမ်းကျင်မှုကို ပြသတဲ့ အခန်းကဏ္ဍနဲ့ ပက်သက်ပြီးလည်း အားရမှုရှိပါတယ်။ ကျောင်းသားတွေ အနေနဲ့ အလားအလာကောင်းတွေရှိတယ်ဆိုတာကို အောင်မြင်စွာ ပြသနိုင်ခဲ့ပြီး YACL, Engineering and Maintenance ဌာနအတွင်း ပေးအပ်ထားတဲ့ Project များစွာမှာလည်း ကောင်းစွာ ပါဝင်ကူညီနိုင်ခဲ့ကြပါတယ်။ အနာဂတ်မှာ သူတို့ရဲ့ ရှေ့ဆက်လေ့လာသင်ယူမှုအခန်းကဏ္ဍတွေမှာလည်း ပိုမိုအောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်" ဟု YACL, Engineering and Maintenance - Division 1 ၏ Deputy Head ဖြစ်သူ ဦးမြတ်ထက်မှ ပြောကြားခဲ့ပါသည်။

YACL အနေဖြင့် ယခုကဲ့သို့ အလုပ်သင်အစီအစဉ် ပြီးမြောက်မှုမှတဆင့် အနာဂတ်ကာလတွင် အခြားသော ပညာရေး အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းကာ အလုပ်သင်အစီအစဉ်များ ဆက်လက်လုပ်ဆောင်သွားနိုင်စေရန် အားအင်တစ်ရပ် ရရှိစေခဲ့ပါသည်။ အလုပ်သင်အစီအစဉ်များတွင် ပါဝင်သော သင်ကြားရေး Program များမှာ လေဆိပ်ဝန်ဆောင်မှုလုပ်ငန်း လည်ပတ်ရေး၏ မတူညီသော လုပ်ငန်းကဏ္ဍများအပေါ်တွင် အခြေခံထားပြီး အလုပ်သင် ကျောင်းသား/သူ များအား တန်ဖိုးမဖြတ်နိုင်သော သင်ကြားရေး အတွေ့အကြုံကောင်းများစွာကို ပေးအပ်သွားမည် ဖြစ်သည်။

YACL သည် အလုပ်သင်ကျောင်းသားများ၏ ကြိုးပမ်းသင်ယူမှုများအတွက် များစွာဂုဏ်ယူပြီး၊ ၎င်းတို့၏ ကျွမ်းကျင်မှု နှင့် စွမ်းရည်များသည် အနာဂတ်ကာလ လေကြောင်းခရီးသွားလုပ်ငန်းကဏ္ဍများအတွက် အကျိုးရှိစေမည်ဟု ယုံကြည်ပါသည်။

Read more

Travel Advisory: English Below

 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (YIA) ၏ Terminal 3 (ပြည်တွင်းလေဆိပ်) အဆောက်အအုံအတွင်းသို့ ခရီးသည်များအား လိုက်ပါပို့ဆောင်/ ကြိုဆိုမည့် ဧည့်သည်များအား ဝင်ရောက်ခွင့်ပြု

 

(၂၀၂၃) ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နံနက် (၁၁:၀၀) မှစတင်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (YIA) ၏ Terminal 3 (ပြည်တွင်းလေဆိပ်) အား အသုံးပြုကြသော လေဆိပ်ဝန်ဆောင်မှု အသုံးပြုသူ (ဆိုက်ရောက် / ထွက်ခွာ) ခရီးသည်များ၏ မိသားစုဝင်များနှင့် မိတ်ဆွေသူငယ်ချင်းများအား လေဆိပ်အဆောက်အအုံ ပရဝုဏ်အတွင်းသို့ ဝင်ရောက် ပို့ဆောင်/ကြိုဆို ခွင့်ပြုမည် ဖြစ်ရာ -

လေဆိပ်အတွင်းသို့ဝင်ရောက်ခြင်း
-----------------------------------

  • ခရီးသည်များအနေဖြင့် တရားဝင် ခရီးသွားစာရွက်စာတမ်း အပြည့်အစုံဖြင့် ဂိတ်အမှတ် (၁)၊ (၂) နှင့် (၄) မှတဆင့် ဝင်ရောက်ရမည်ဖြစ်ပြီး၊ လိုက်ပါပို့ဆောင်/ ကြိုဆိုကြသော မိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများနှင့် သက်ဆိုင်ရာ တာဝန်ကျဝန်ထမ်းများမှာ ဂိတ်အမှတ် (၂) မှတဆင့်သာ ဝင်ရောက်ရမည် ဖြစ်သည်။
  • လိုက်ပါပို့ဆောင်/ ကြိုဆိုမည့် ဧည့်သည်များ အနေဖြင့် ဂိတ်အမှတ် (၂) အနီးရှိ Registration Area တွင် ဝင်ရောက်ခွင့်ကတ်ပြားအတွက် စာရင်းပေးသွင်းရန် လိုအပ်ပါသည်။

လေဆိပ်အတွင်းမှပြန်လည်ထွက်ခွာခြင်း
------------------------------------------

  • ဝင်ရောက်ခွင့်ကတ်ပြားဖြင့် အဆောက်အအုံအတွင်း ဝင်ရောက်ပြီးဖြစ်သော ဧည့်သည်များအနေဖြင့် ဂိတ်အမှတ် (၃) မှ ပြန်လည်ထွက်ခွာပြီး ကတ်ပြားအား ပြန်လည်အပ်နှံရမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခရီးသွားပြည်သူများအတွက် စဉ်ဆက်မပြတ် ဘေးကင်းလုံခြုံစိတ်ချမှုရှိစေသော လေဆိပ်အသုံးပြုမှု အတွေ့အကြုံကောင်းများဖြစ်စေနိုင်ရန်အတွက် သက်ဆိုင်ရာလုံခြုံရေးအစီအမံများအား ပုံမှန်အတိုင်းထားရှိမည် ဖြစ်ရာ လိုက်ပါပို့ဆောင်သူ/ ကြိုဆိုကြသူ ဧည့်သည်များအနေဖြင့် သက်ဆိုင်ရာ လုံခြုံရေးစစ်ဆေးမှုများ ခံယူရမည်ဖြစ်ပြီး လေဆိပ်အဆောက်အအုံအတွင်း ချမှတ်ထားသော စည်းကမ်းများအတိုင်း မိမိတို့၏ ဝင်ခွင့်ကတ်ပြားများကို တစ်ပါတည်းချိတ်ဆွဲထားရန် လိုအပ်မည် ဖြစ်ပါသည်။

စုံစမ်းမေးမြန်းလိုသည့်အချက်များရှိပါကလည်း Terminal ဝင်ပေါက်များအနီးရှိ လေဆိပ် Meet & Greet Counter မှ ဖော်ရွေသော ဝန်ထမ်းများကလည်း ဖြေကြားပေးရန် အသင့်ရှိနေကြပါသည်။

လေဆိပ်အသုံးပြုသူဧည့်သည်များ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် နားလည်မှုကို လေးစားစွာဖြင့် အထူးမေတ္တာရပ်ခံအပ်ပါသည်။

Read more

Subcategories

[Travel Advisory]

PASSENGER SERVICE CHARGE (PSC) UPDATE

Effective May 12, 2025, the Passenger Service Charge (PSC) will be adjusted to USD 25 for international departures and MMK 15,000 for domestic departures.

This change applies to all tickets purchased before 12 May 2025, if your travel date is on or after the mentioned date.

Passengers who purchased tickets before the 12 May, 2025,  are advised to contact their respective airlines or travel agencies for further information OR to pay at designated payment counters located in Terminal.

We appreciate your understanding and cooperation.

YIA Web


© Copyright 2018 by Yangon Aerodrome.