[Travel Advisory]
နိုင်ငံတကာ လေကြောင်းခရီးစဉ်များ၊ ရေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များ (၁-၉-၂၀၂၃)
မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ၁-၉-၂၀၂၃ ရက်စွဲဖြင့် ထုတ်ပြန်လာသော နိုင်ငံတကာ လေကြောင်းခရီးစဉ်များ၊ ရေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များမှာ ဖော်ပြပါ အတိုင်းဖြစ်သည်။
English Below
Yangon Aerodrome Company Limited မှ ပြည်တွင်းရှိ လူငယ်များအတွက် အလုပ်သင်အခွင့်အလမ်းများပေးအပ်သွားရန်
Chindwin Technological University (CTU) နှင့် Auston University တို့နှင့် ပူးပေါင်းသွားမည်။
ရန်ကုန် - ဇူလိုင်လ ၃၁ ရက် ၊ ၂၀၂၃ ခုနှစ် - ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား စီမံခန့်ခွဲဆောင်ရွက်ပေးလျှက်ရှိသော Yangon Aerodrome Company Limited နှင့် ပြည်တွင်းအခြေစိုက် နိုင်ငံတကာပညာရေးကျောင်းများဖြစ်သော Chindwin Technological University (CTU) နှင့် Auston University တို့နှင့် ပူးပေါင်းကာ အလုပ်သင်အစီအစဉ်များ (Internship Programme) များမှတဆင့် လေကြောင်းသယ်ယူပို့ဆောင်ရေးနှင့် ဆက်စပ်နယ်ပယ်များတွင် လူ့စွမ်းအားအရင်းအမြစ်၏ အရည်အသွေးကို မြှင့်တင်သွားရန်အတွက် ယနေ့ (၂၀၂၃) ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့တွင် မိတ်ဖက် နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးခဲ့သည်။
(၂) လတာ ကြာမြင့်မည့် အဆိုပါ အလုပ်သင်အစီအစဉ်တွင် Chindwin Technological University (CTU)နှင့် Auston University တို့မှ နည်းပညာအထူးပြုကျောင်းသား (၄) ဦးသည် Yangon Aerodrome Company Limited ၏ လေကြောင်းအင်ဂျင်နီယာ နှင့် ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ လေ့ကျင့်မှုတို့ကို သင်ကြားရမည်ဖြစ်ပြီး (၂၀၂၃) ခုနှစ်၊ ဩဂုတ်လတွင် စတင် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်သည်။
English Below
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်း လုပ်ငန်းလည်ပတ်မှုအဆင်ပြေချောမွေ့စေရေး နှင့် ဘေးအန္တရာယ် ကင်းရှင်းရေး အတွက် ရည်ရွယ်ပြုလုပ်သော "FOD - မွမ်းမံလေ့ကျင့်ရေးသင်တန်း" ဆောင်ရွက် ပြီးစီး
ရန်ကုန် - ဇူလိုင်လ (၂၈) ရက်နေ့၊ (၂၀၂၃) ခုနှစ် - ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (“YIA”) သည် ခရီးသည်များ၊ လေကြောင်းလိုင်းများ နှင့် ခရီးသည်ပို့ဆောင်ရေးနှင့် ဆက်စပ်သည့် ဝန်ဆောင်မှု အသီးသီး ဆောင်ရွက်လျှက်ရှိသောလုပ်ငန်းများ စဉ်ဆက်မပြတ် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် နှစ်စဉ် အလေးထားဆောင်ရွက်မှုများတွင်ပါဝင်သော လုပ်ဆောင်ချက်များထဲမှ တစ်ခုဖြစ်သည့် "Foreign Object Debris (FOD)" Refresher Course “FOD မွမ်းမံသင်တန်း”ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဆောင်ရွက်ခဲ့ပါသည်။
(၂၀၂၃) ခုနှစ် ဇူလိုင်လ (၂၇) ရက်နေ့မှ (၂၈) ရက်နေ့အထိ (၂) ရက်တာကြာမြင့်သော မွမ်းမံသင်တန်း တွင် FOD (လေယာဉ်ပြေးလမ်းနှင့် Operational ဧရိယာအတွင်းရှိ လေယာဉ်များ ဝင်ထွက်သွားလာဆိုက်ကပ်ရာတွင် ဘေးအန္တရာယ်ဖြစ်စေနိုင် မည့် မလိုလားအပ်သော ပစ္စည်းများ) နှင့် ပတ်သက်သည့် အသိပညာများကို စာသင်ခန်းအတွင်း ဘာသာရပ်နှင့်ပတ်သက်သည့် နိုင်ငံတကာ စံနှုန်းများ အလေ့အထများအားလည်းကောင်း လက်တွေ့လေ့ကျင့်ခြင်းကို လေဆိပ် Apron နှင့် Maintenance Hanger ဧရိယာများ တွင်လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။
မွမ်းမံသင်တန်း တွင် သက်ဆိုင်ရာ YACL ဌာန အသီးသီးမှ ဝန်ထမ်း စုစုပေါင်း (၁၃) ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။
Travel Advisory: [English Below]
THAI Airways International ၏ ဘန်ကောက် - ရန်ကုန် - ဘန်ကောက် တိုက်ရိုက် လေကြောင်းခရီးစဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြန်လည်ပြေးဆွဲ
ရန်ကုန် - ဇူလိုင်လ (၁၆) ရက်နေ့၊ (၂၀၂၃) ခုနှစ် - THAI Airways International လေကြောင်းလိုင်း၏ ဘန်ကောက် - ရန်ကုန် - ဘန်ကောက် တိုက်ရိုက်လေကြောင်းခရီးစဉ်အား လေယာဉ်အမှတ် TG302 / 1 ဖြင့် ဆိုက်ရောက်ခရီးသည် (၁၀၃) ဦး၊ ထွက်ခွာခရီးသည် (၁၅၂) ဦးဖြင့် စတင်ပြန်လည်ပြေးဆွဲခဲ့ရာ ခရီးသည်များအား THAI Airways International နှင့် YACL တို့မှ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး ကြိုဆိုခဲ့ကြသည်။
အဆိုပါ လေကြောင်းလိုင်း ခရီးစဉ် ပြန်လည် ပြေးဆွဲပျံသန်းခြင်းအခမ်းအနား နှင့် ရေဖျန်းမင်္ဂလာပြုလုပ်ခြင်းအစီအစဉ်ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ Terminal 1 တွင် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး HE. Mr. Mongkol Visitstump၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အထွေထွေမန်နေဂျာ ဦးအောင်မြင့်သိန်း၊ THAI Airways International ၏ Director of Sales ဖြစ်သူ Mr. Wit Kitchathorn, Indo-China Team Lead Mr. Chawarit Thanasombatnanth နှင့် THAI Airways International လေကြောင်းလိုင်း မြန်မာနိုင်ငံ၏ တစ်ဦးတည်းသော ကိုယ်စားလှယ် Tori Travel ၏ CEO Dr. Lin Myat Tun တို့ တက်ရောက်ဂုဏ်ပြုကြိုဆိုခဲ့ပါသည်။
ဘန်ကောက် - ရန်ကုန် - ဘန်ကောက် တိုက်ရိုက်လေကြောင်းခရီးစဉ်အား TG 302 (Morning Flight) ၊ TG 304 (Evening Flight) တို့ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နေ့စဉ် တစ်နေ့လျှင် (၂) ကြိမ် ပျံသန်းပြေးဆွဲသွားမည်ဖြစ်သည်။ ခရီးသည်များအနေဖြင့် မိမိတို့၏ ခရီးစဉ်များနှင့် ပက်သက်ပြီး သိရှိလိုသည်များကို http://www.thaiairways.com နှင့် THAI Airways International လေကြောင်းလိုင်း မြန်မာနိုင်ငံ၏ တစ်ဦးတည်းသော ကိုယ်စားလှယ် Tori Travel ၏ Facebook Page https://tinyurl.com/29vxwfz5 တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
Travel Advisory: [English Below]
Xiamen Airlines ၏ ရှာ့မန် - ရန်ကုန် တိုက်ရိုက်လေကြောင်းခရီးစဉ်များ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြန်လည်ပြေးဆွဲ
ရန်ကုန် - ဧပြီလ (၂၆) ရက်နေ့၊ (၂၀၂၃) ခုနှစ် - Xiamen Airlines ၏ ရှာ့မန် - ရန်ကုန် တိုက်ရိုက် လေကြောင်းခရီးစဉ် ပြန်လည်ပြေးဆွဲမှုကို ယနေ့ (၂၀၂၃) ခုနှစ်၊ ဧပြီလ (၂၆) ရက်နေ့မှ စတင်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြန်လည်ပြေးဆွဲခဲ့ပြီဖြစ်ပါသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အနေဖြင့် ဒေသစံတော်ချိန် ညနေ (၅) နာရီ (၃၀) မိနစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှာ့မန်မြို့မှ ခရီးသည် (၁၅၂) ဦးဖြင့် ပျံသန်းဆိုက်ရောက်လာသော Xiamen Airlines ၏ လေယာဉ်အမှတ် - MF8669/70 အား ဝမ်းမြောက်စွာ ကြိုဆိုခဲ့ပြီး၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဆိုက်ရောက်ခရီးသည်များအား အမှတ်တရလက်ဆောင် Key Chain များ ပေးအပ်ခဲ့သည်။
Xiamen Airlines မှ ရန်ကုန်မြို့ နှင့် ရှာ့မန်မြို့အကြား အပတ်စဉ် တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့ နှင့် သောကြာနေ့တိုင်း (တစ်ပတ်လျှင် ၃ ကြိမ်) တိုက်ရိုက်ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်သည်။ ခရီးသည်များအနေဖြင့် မိမိတို့၏ ခရီးစဉ်များနှင့် ပက်သက်ပြီး သိရှိလိုသည်များကို https://www.xiamenair.com/en-ww/ တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။