NEW OPENING ALERT FOR DOMESTIC TRAVELERS! [F&B]
--Zit Myit ဇစ်မြစ်--
Are you looking for authentic Burmese Breakfast before your flight?
Here's a branch store of "Zit Myit ဇစ်မြစ်" at Yangon Domestic Airport (Terminal 3), Level (1), has newly opened. Come and experience a variety of menu items for Breakfast and Lunch (from Dim Sum to Burmese Delights & Tea)!
(10 % Discount on all menu items for Airport Staff)
For more details: Zit Myit ဇစ်မြစ်: https://www.facebook.com/zitmyitmm
[TRAVEL ADVISORY]
နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်များ (Scheduled Commercial Flight) ဖြင့် မြန်မာနိုင်ငံသို ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များ (၈-၁၀-၂၀၂၂)
မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ (၈-၁၀-၂၀၂၂)၊ မြန်မာစံတော်ချိန် ၀၀:၀၁ နာရီမှ စတင်သက်ရောက်မည့် နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်များ (Scheduled Commercial Flight) ဖြင့် မြန်မာနိုင်ငံသို ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များမှာ ဖော်ပြပါ အတိုင်းဖြစ်သည်။
[TRAVEL ADVISORY]
နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်များ (Scheduled Commercial Flight) ဖြင့် မြန်မာနိုင်ငံသို ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များ (၁-၈-၂၀၂၂)
မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ၁-၈-၂၀၂၂ ရက်စွဲဖြင့် ထုတ်ပြန်လာသော နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်များ (Scheduled Commercial Flight) ဖြင့် မြန်မာနိုင်ငံသို ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များမှာ ဖော်ပြပါ အတိုင်းဖြစ်သည်။
[English Below]
Thai AirAsia ၏ လေကြောင်းခရီးစဉ်များ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြန်လည်ပြေးဆွဲ
Thai AirAsia ၏ လေကြောင်းခရီးစဉ်များကို ယနေ့ (၂၀၂၂) ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့ မှ စတင်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြန်လည်ပြေးဆွဲခဲ့ပြီဖြစ်ပါသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အနေဖြင့် ယနေ့ ဇူလိုင်လ (၁) ရက်နေ့ ဒေသစံတော်ချိန် မနက် (၈) နာရီ (၂၅) မိနစ်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ ပျံသန်းဆိုက်ရောက်လာသော Thai AirAsia ၏ လေယာဉ်အမှတ် - FD252 အား ဝမ်းမြောက်စွာ ကြိုဆိုခဲ့ပါသည်။
Thai AirAsia မှ ရန်ကုန်မြို့ နှင့် ဘန်ကောက်မြို့အကြား အပတ်စဉ် တနင်္လာနေ့၊ သောကြာနေ့ နှင့် တနင်္ဂနွေနေ့တိုင်း (တစ်ပတ်လျှင် ၃ ကြိမ်) တိုက်ရိုက်ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်သည်။ ခရီးသည်များအနေဖြင့် မိမိတို့၏ ခရီးစဉ်များနှင့် ပက်သက်ပြီး သိရှိလိုသည်များကို https://www.facebook.com/airasiasuperapp.mm/ သို့ တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ပါသည်။
[TRAVEL ADVISORY]
ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ် Relief Flight နှင့် ဝင်ရောက်လာမည့် မြန်မာနိုင်ငံသားများအတွက် အသွားအလာကန့်သတ်မှုနှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း ဆောင်ရွက်မည့် အစီအစဉ် (၁၅-၆-၂၀၂၂)
မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ၁၅-၆-၂၀၂၂ ရက်စွဲဖြင့် ထုတ်ပြန်လာသော ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ် Relief Flight နှင့် ဝင်ရောက်လာမည့် မြန်မာနိုင်ငံသားများအတွက် အသွားအလာကန့်သတ်မှုနှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း ဆောင်ရွက်မည့် အစီအစဉ်များမှာ ဖော်ပြပါ အတိုင်းဖြစ်သည်။ သတ်မှတ်ချက်များမှာ - ၂၀၂၂ ခုနှစ်၊ ဇွန်လ (၁၅) ရက်နေ့မှ စတင် သက်ရောက်မည်ဖြစ်ပါသည်။ မှတ်ချက် - ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ် (Relief Flight) များတွင် နိုင်ငံခြားသားခရီးသည်များအား လိုက်ပါခွင့်ပြုမည်မဟုတ်ပါ။