[TRAVEL ADVISORY] – Domestic Travel
ပြည်တွင်းပုံမှန်လေကြောင်းခရီးစဉ်များဖြင့် လိုက်ပါစီးနင်းမည့် ခရီးသည်များ လိုက်နာဆောင်ရွက်ရန် ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များ (𝐕𝐞𝐫𝐬𝐢𝐨𝐧 𝟐.𝟕)
မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ၁-၆-၂၀၂၂ ရက်စွဲဖြင့် ထုတ်ပြန်လာသော နိုင်ငံတကာလေကြောင်းခရီးစဉ်များဖြင့် "ပြည်တွင်းပုံမှန်လေကြောင်းခရီးစဉ်များဖြင့် လိုက်ပါစီးနင်းမည့် ခရီးသည်များ လိုက်နာဆောင်ရွက်ရန် ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များ - (𝐕𝐞𝐫𝐬𝐢𝐨𝐧 𝟐.𝟕) မှာ အောက်ပါအတိုင်းဖြစ်သည်။
[TRAVEL ADVISORY] – Relief Flight
ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ် (Relief Flight) နှင့် ဝင်ရောက်လာမည့် မြန်မာနိုင်ငံသားများအတွက် အသွားအလာကန့်သတ်မှု (၃) ရက်တာ ဆောင်ရွက်ခြင်း နှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း အစီအမံများ
မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ၂၉-၄-၂၀၂၂ ရက်စွဲဖြင့် ထုတ်ပြန်လာသော ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ် (Relief Flight) နှင့် ဝင်ရောက်လာမည့် မြန်မာနိုင်ငံသားများအတွက် အသွားအလာကန့်သတ်မှု (၃) ရက်တာ ဆောင်ရွက်ခြင်း နှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း အစီအမံများများမှာ ဖော်ပြပါ အတိုင်းဖြစ်သည်။ သတ်မှတ်ချက်များမှာ - ၂၀၂၂ ခုနှစ်၊ မေလ (၁) ရက်နေ့မှ စတင် သက်ရောက်မည် ဖြစ်ပါသည်။
မှတ်ချက် - ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ် (Relief Flight) များတွင် နိုင်ငံခြားသားခရီးသည်များအား လိုက်ပါ ခွင့်ပြုမည် မဟုတ်ပါ။
[TRAVEL ADVISORY]
နိုင်ငံတကာလေကြောင်းခရီးစဉ်များ (Commercial Flight) ဖြင့် မြန်မာနိုင်ငံသို ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များ
မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ၂၉-၄-၂၀၂၂ ရက်စွဲဖြင့် ထုတ်ပြန်လာသော နိုင်ငံတကာလေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များမှာ ဖော်ပြပါ အတိုင်းဖြစ်သည်။
သတ်မှတ်ချက်များမှာ - ၂၀၂၂ ခုနှစ်၊ မေလ (၁) ရက်နေ့မှ စတင် သက်ရောက်မည် ဖြစ်ပါသည်။
TRAVEL ADVISORY (INTERNATIONAL & DOMESTICS TRAVELERS)
[English Below]
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၂၉) ရက်နေ့မှ စတင်၍ ဆိုင်းငံ့ထားခဲ့သော နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲ
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် (၂) နှစ်တာ ကာလကြာ ဆိုင်းငံ့ထားခဲ့သော နိုင်ငံတကာ ခရီးသည်တင် လေကြောင်းခရီးစဉ်များကို ၂၀၂၂ ခုနှစ်၊ ဧပြီလ(၁၇)ရက်နေ့မှ စတင်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ Terminal (1) တွင် ပြန်လည်ပြေးဆွဲပျံသန်းခဲ့ပြီ ဖြစ်သည်။ ယနေ့အတွက် ပထမဆုံးဆိုက်ရောက် လေကြောင်းခရီးစဉ်ဖြစ်သည့် Singapore Airlines - SQ761 ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အနေဖြင့် ဝမ်းမြောက်စွာ ကြိုဆိုခဲ့ပါသည်။
နိုင်ငံတကာလေကြောင်းခရီးစဉ် ဆိုက်ရောက်ခရီးသည်များအတွက် မြန်မာနိုင်ငံသို့ဝင်ရောက်ရာတွင် အောက်တွင်ဖော်ပြထားသည့် ကျန်းမာရေးဆိုင်ရာ သတ်မှတ်စာရွက်စာတမ်း အထောက်အထားများကိုလည်း တစ်ပါတည်း ယူဆောင်လာရန် သက်ဆိုင်ရာမှ အသိပေး ထုတ်ပြန်ထားပါသည်။
အထက်ဖော်ပြပါ စာရွက်စာတမ်း/ အထောက်အထားများကို မတင်ပြနိုင်သည့် ခရီးသွားများအနေဖြင့် ကယ်ဆယ်ရေးလေယာဉ် ခရီးစဉ်များဖြင့်သာ မြန်မာနိုင်ငံသို့ ဝင်ရောက်နိုင်မည်ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အပြည်ပြည်ဆိုင်ရာ ဝင်/ထွက်ဂိတ်များနှင့် နယ်စပ်ဝင်ထွက်ဂိတ်များမှ ဝင်ရောက်လာမည့် ခရီးသွားများအတွက် ချမှတ်ထားသော အသွားအလာ ကန့်သတ်ခြင်း ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ( ရည်ညွှန်း-ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက် ၇-၄-၂၀၂၂ )
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနေဖြင့် လေဆိပ်အသုံးပြုသူခရီးသည်များ၊ လေကြောင်းလိုင်း တာဝန်ရှိသူများ၊ လေဆိပ်ဝန်ထမ်းများ အားလုံးအတွက် သက်ဆိုင်ရာမှ ချမှတ်ထားသည့် ပြည်သူ့ကျန်းမာရေး အစီအမံနှင့် လမ်းညွှန်ချက်များအား လိုက်နာရန် တိုက်တွန်း အသိပေးအပ်ပါသည်။
အသေးစိတ်အချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော လမ်းညွှန်ချက်များ https://bit.ly/3v2MRL1 တွင် ဖတ်ရှုနိုင်ပါသည်။
ဘေးကင်း၍ သာယာပျော်ရွှင်သော ခရီးစဉ်များဖြစ်ကြပါစေ။
(လေကြောင်းခရီးသွားလာမှုဆိုင်ရာ သတင်းအချက်အလက်များအတွက် Yangon International Airport ရဲ့ Official Telegram Channel - https://t.me/yangoninternationalairport ကို Subscribe လုပ်ထားနိုင်ပါတယ်)
မြန်မာဘာသာဖြင့် ထုတ်ပြန်ချက် အပြည့်အစုံအား ဖတ်ရှုရန် ဤနေရာကို နှိပ်ပါ။
TRAVEL ADVISORY (INTERNATIONAL & DOMESTICS TRAVELERS)
နိုင်ငံတကာလေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များ
မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ၇-၄-၂၀၂၂ ရက်စွဲဖြင့် ထုတ်ပြန်လာသော နိုင်ငံတကာလေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များမှာ ဖော်ပြပါ အတိုင်းဖြစ်သည်။ သတ်မှတ်ချက်များမှာ - ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၇) ရက်နေ့မှ စတင် သက်ရောက်မည် ဖြစ်ပါသည်။
[Travel Advisory]
PASSENGER SERVICE CHARGE (PSC) UPDATE
Effective May 12, 2025, the Passenger Service Charge (PSC) will be adjusted to USD 25 for international departures and MMK 15,000 for domestic departures.
This change applies to all tickets purchased before 12 May 2025, if your travel date is on or after the mentioned date.
Passengers who purchased tickets before the 12 May, 2025, are advised to contact their respective airlines or travel agencies for further information OR to pay at designated payment counters located in Terminal.
We appreciate your understanding and cooperation.