[English Below]

Traveler Alert: ပြည်တွင်းခရီးသည်များအတွက် ဝင်ပေါက် နှင့် ထွက်ပေါက် ဖြစ်သော Terminal 3 ရှိ Gate-4 အား ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့အထိ တိုးမြှင့် ယာယီပိတ်ထားခြင်း

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မိုးရာသီကာလအတွင်း ခရီးသည်များနှင့် လေဆိပ်အသုံးပြုသူများ ပိုမိုအဆင်ပြေချောမွေ့သော ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန် Terminal 3 ရှိ Gate 4 တွင်အမိုးအကာအား တိုးချဲ့ဆောက်လုပ်ခြင်းအား ၂၀၂၁ ခုနှစ်၊ မေလ (၂၁) ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ မေလ (၃၀) ရက်အထိ ပြည်တွင်းလေဆိပ် Gate-4 အား ယာယီပိတ်ထားခဲ့ပါသည်။ ယခုလက်ရှိလုပ်ဆောင်လျှက်ရှိသော တိုးချဲ့ဆောက်လုပ်ခြင်း လုပ်ငန်းပြီစီးမှု လိုအပ်ချက်များအရ ပြည်တွင်းလေဆိပ် Gate-4 ယာယီပိတ်ထားခြင်းအား ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့အထိ တိုးမြှင့်ထားကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

တိုးချဲ့လုပ်ငန်းများလုပ်ဆောင်နေစဉ်အတွင်း လေဆိပ်အသုံးပြုသူ ခရီးသည်များအနေဖြင့်

  • Gate 1 နှင့် 2 ကို ဝင်/ထွက်ပေါက် အဖြစ်လည်းကောင်း
  • Gate 3 ကို ထွက်ပေါက် အဖြစ်လည်းကောင်း အသုံးပြုသွားပါရန် အသိပေးအပ်ပါသည်။

လေဆိပ်ဝန်ဆောင်မှုအသုံးပြုသူ ခရီးသည်များ သွားလာရေးလွယ်ကူအဆင်ပြေစေရန် ကားရပ်နားရာနေရာ နှင့် T3 ပလက်ဖောင်းများအကြား စီစဉ်ထားရှိပြီးဖြစ်သော အမိုးပါ လျှောက်လမ်းအား အဆိုပါယာယီကာလအတွင်း အသုံးပြုနိုင်ပါသည်။ ယာဉ်ရပ်နားရာနေရာအား အသုံးပြုသူများအနေဖြင့်လည်း သတ်မှတ်ထားသော ယာဉ်ရပ်နားရမည့်နေရာကိုသာ အသုံးပြုရပ်နားပေးကြရန်လည်း YACL မှ တိုက်တွန်းအပ်ပါသည်။

ခရီးသည်များအနေဖြင့် လတ်တလောကာလအတွင်း အဆင်မပြေမှုများ ပေါ်ပေါက်ခဲ့ပါက သည်းခံပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ခရီးသည်များအားလုံး ဘေးကင်းကျန်းမာကြပါစေ။

Read more

[English Below]

Travel Advisory: COVID-19 ရောဂါပိုးစစ်ဆေးခြင်း ဝန်ဆောင်မှုလုပ်ငန်းများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း အသိပေးခြင်း

လေဆိပ်ဝန်ဆောင်မှုအသုံးပြုသူ ပြည်တွင်း ပြည်ပ ခရီးသည်များအနေဖြင့် COVID-19 RT PCR Test အား Yangon Airport Molecular Labe (YAML) တွင် စစ်ဆေးနိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။

  • လိုအပ်ချက်များ - နိုင်ငံကူးလက်မှတ် (သို့) နိုင်ငံသားစီစစ်ရေးကတ်ပြား မိတ္တူ (၂) စုံ / ဆက်သွယ်ရန် ဖုန်းနံပါတ် နှင့် လိပ်စာ အပြည့်အစုံ
  • ဝန်ဆောင်မှု အမျိုးအစားများ - Home Service / Express Service / Standard Service
  • ဝန်ဆောင်မှုပေးချိန် နှင့် နေ့ရက်များ - နေ့စဉ် မနက် (၈) နာရီ မှ (၁၀) နာရီ (ပိတ်ရက်မရှိ)
  • ဆေးစစ်ချက်ရယူချိန် - စစ်ဆေးပြီး နေ့တွင်းချင်း ဖုန်းဖြင့် YAML မှ ဆက်သွယ် အကြောင်းကြားပေးမည်ဖြစ်ပါသည်။ စစ်ဆေးချက်အဖြေစာရွက်အား လေယာဉ်ခရီးစဉ်လိုက်ပါစီးနင်းမည့်နေ့ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 ရှိ Mingalar Sky Premium Lounge ကောင်တာ၌ လူကိုယ်တိုင်လာရောက်ထုတ်ယူနိုင်သလို အိမ်အရောက်ဝန်ဆောင်မှုစနစ်ဖြင့်လည်း ပို့ဆောင်ပေးနေပြီ ဖြစ်ပါသည်။

အသေးစိတ်အချက်အလက်များအတွက် YAML ၏ Hotline Numbers: 09 444099941~42 သို့ တိုက်ရိုက် ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Read more

[English Below]

အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်ပြေးဆွဲခွင့်ရပ်ဆိုင်းခြင်းကာလအား ဇွန်လ (၃၀) ရက်နေ့ထိ တိုးမြှင့်သတ်မှတ်

မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ၂၀၂၁ ခုနှစ်၊ မေလ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ကန့်သတ်ချက်ကို ၂၀၂၁ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့၊ မြန်မာစံတော်ချိန် ၂၃၅၉နာရီအထိ ထပ်မံတိုးမြှင့်လိုက်သည်။

မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာထိန်းချုပ်နိုင်ရန် မူလသတ်မှတ်ထားသည့် ရပ်ဆိုင်းခြင်းကာလကို ထပ်မံတိုးမြှင့်ရန် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဗဟိုကော်မတီမှ သဘောတူဆုံးဖြတ်လိုက်သည်။

ခရီးသည်များအနေဖြင့် မိမိတို့၏ ခရီးစဉ်များနှင့် ပက်သက်ပြီး သိရှိလိုသည်များကို သက်ဆိုင်ရာ လေကြောင်းလိုင်းများထံသို့ တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ပါသည်။

Read more

[English Below]

𝐓𝐫𝐚𝐯𝐞𝐥𝐞𝐫 𝐀𝐥𝐞𝐫𝐭: ပြည်တွင်းခရီးသည်များအတွက် ဝင်ပေါက် နှင့် ထွက်ပေါက် ဖြစ်သော Terminal 3 ရှိ Gate-4 အား ယာယီပိတ်ထားခြင်း

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လာမည့်မိုးရာသီကာလအတွင်း ခရီးသည်များနှင့် လေဆိပ်အသုံးပြုသူများ ပိုမိုအဆင်ပြေချောမွေ့သော ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန် Terminal 3 ရှိ Gate 4 တွင်အမိုးအကာအား တိုးချဲ့ဆောက်လုပ်သွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ၂၀၂၁ ခုနှစ်၊ မေလ (၂၁) ရက် (သောကြာနေ့) မှ မေလ (၃၀) ရက် (တနင်္ဂနွေနေ့) အထိ ပြည်တွင်းလေဆိပ် Gate-4 အား ယာယီပိတ်ထားမည်ဖြစ်ပါသည်။
တိုးချဲ့လုပ်ငန်းများလုပ်ဆောင်နေစဉ်အတွင်း လေဆိပ်အသုံးပြုသူ ခရီးသည်များအနေဖြင့်

• Gate 1 နှင့် 2 ကို ဝင်/ထွက်ပေါက် အဖြစ်လည်းကောင်း
• Gate 3 ကို ထွက်ပေါက် အဖြစ်လည်းကောင်း အသုံးပြုသွားပါရန် အသိပေးအပ်ပါသည်။

လေဆိပ်ဝန်ဆောင်မှုအသုံးပြုသူ ခရီးသည်များ သွားလာရေးလွယ်ကူအဆင်ပြေစေရန် ကားရပ်နားရာနေရာ နှင့် T3 ပလက်ဖောင်းများအကြား စီစဉ်ထားရှိပြီးဖြစ်သော အမိုးပါ လျှောက်လမ်းအား အဆိုပါယာယီကာလအတွင်း အသုံးပြုနိုင်ပါသည်။ ယာဉ်ရပ်နားရာနေရာအား အသုံးပြုသူများအနေဖြင့်လည်း သတ်မှတ်ထားသော ယာဉ်ရပ်နားရမည့်နေရာကိုသာ အသုံးပြုရပ်နားပေးကြရန်လည်း YACL မှ တိုက်တွန်းအပ်ပါသည်။

ခရီးသည်များအနေဖြင့် လတ်တလောကာလအတွင်း အဆင်မပြေမှုများ ပေါ်ပေါက်ခဲ့ပါက သည်းခံပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ခရီးသည်များအားလုံး ဘေးကင်းကျန်းမာကြပါစေ။

Read more

Yangon International Airport is now on Telegram!

Join our Telegram Channel to get latest airport users information!

Click Here to subscribe the YIA Telegram Channel.  

TG

 



© Copyright 2018 by Yangon Aerodrome.