Travel Advisory: [English Below]

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Grab Taxi Service စတင်ပြေးဆွဲ ဝန်ဆောင်မှုပေး

ရန်ကုန် - ဧပြီလ (၃) ရက်နေ့၊ (၂၀၂၃) ခုနှစ် - ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လေဆိပ်ဝန်ဆောင်မှုအသုံးပြုသူ ခရီးသည်များအတွက် ပိုမိုအဆင်ပြေ ချောမွေ့သော ခရီးသွားလာမှုအတွက် Grab Airport Taxi ဝန်ဆောင်မှုအား ယနေ့မှ စတင်၍ ဝန်ဆောင်ပေးလျှက်ရှိပြီဖြစ်သည်။ အဆိုပါ ဝန်ဆောင်မှုအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ပြည်တွင်း ပြည်ပ Terminals (၂) ခု လုံးတွင် အသုံးပြုနိုင်မည်ဖြစ်သည်။

ခရီးသည်များအနေဖြင့် Grab App ကို အသုံးပြု၍ ဖြစ်စေ၊ Grab App မရှိသည့် ခရီးသည်များအနေဖြင့် လေဆိပ်အတွင်းရှိ Grab Taxi Service Counters များ၏ Web-Booking Services မှတဆင့်လည်း ဝန်ဆောင်မှုအတွက် Booking တင်နိုင်မည် ဖြစ်ပြီး ခရီးသည်များအနေဖြင့်လည်း မိမိတို့ စီးနင်းလိုက်ပါမည့် အငှားယာဉ်အား သတ်မှတ်ထားသော စောင့်ဆိုင်းဧရိယာမှသာ စောင့်ဆိုင်းပေးကြရန်လည်း တိုက်တွန်းအပ်ပါမည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနေဖြင့်လည်း Grab Airport Taxi ဝန်ဆောင်မှုဖြင့် လေဆိပ်ဝန်ဆောင်မှုအသုံးပြုသူ ခရီးသည်များ၏ သယ်ယူပို့ဆောင်ရေး ကဏ္ဍအား အထောက်ကူပြုမည်ဟု ယုံကြည်ပါသည်။

For Booking: https://grb.to/GTBooking

Download Grab App: https://www.grab.com/mm/en/download/

Read more

Travel Advisory: [English Below]

Singapore Airlines ၏ SQ762/1 လေကြောင်းခရီးစဉ်အား ရန်ကုန်အပြည်အပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆို

ရန်ကုန် - မတ်လ (၂၆) ရက်နေ့၊ (၂၀၂၃) ခုနှစ် - ယနေ့တွင် Singapore Airlines ၏ Boeing 737-8 အမျိုးအစား လေယာဉ်အသစ်အား အသုံးပြု၍ စင်ကာပူ - ရန်ကုန် - စင်ကာပူ လေယာဉ်ခရီးစဉ်အား လေယာဉ်အမှတ် SQ762 / 1 ဖြင့် ဆိုက်ရောက်ခရီးသည် (၁၀၆) ဦး၊ ထွက်ခွာခရီးသည် (၁၅၀) ဦးဖြင့် စတင်ပျံသန်းပြေးဆွဲခဲ့ရာ Singapore Airlines နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တို့မှ ခရီးသည်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး ကြိုဆိုခဲ့ကြသည်။

အဆိုပါ Boeing 737-8 လေယာဉ်အမျိုးအစားအသစ်သည် Singapore Airlines ပိုင် လေယာဉ်များ၏ တစ်စိတ်တစ်ဒေသ ဖြစ်လာပြီ ဖြစ်ပြီး၊ လေယာဉ်အမျိုးအစားအသစ် အဆင့်မြှင့်တင်မှုများဖြင့် ပိုမိုကောင်းမွန်၍ ဘေးကင်းလုံခြုံသော လေကြောင်းခရီးသွားအတွေ့အကြုံအား ခရီးသည်များထံ ပေးစွမ်းသွားမည် ဖြစ်သည်။

SQ762/1 -စင်ကာပူ - ရန်ကုန် - စင်ကာပူ လေယာဉ်ခရီးစဉ်အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် ဆိုက်ရောက် ဒေသစံတော်ချိန် ၀၉:၂၀ မိနစ်၊ ထွက်ခွာ ဒေသစံတော်ချိန် ၁၀:၂၀ မိနစ်ဖြင့် နေ့စဉ် ပျံသန်းပြေးဆွဲသွားမည်ဖြစ်သည်။ ခရီးသည်များအနေဖြင့် မိမိတို့၏ ခရီးစဉ်များနှင့် ပက်သက်ပြီး သိရှိလိုသည်များကို www.singaporeair.com တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Read more

YACL completed the “ASFT T-5 Friction Tester In-House Training” course at Yangon International Airport

23 February, 2023 - Today YACL completed the “ASFT T-5 Friction Tester In-House Training” course at Yangon International Airport. The training course was conducted from February 21-23, and it included theory and practical training on site. A total of 10 team members were certified today, members included are from the Airside Management team & Airfield Engineering Team from Yangon International Airport and Nay Pyi Taw International Airport.

The purpose of the training, is to insure the team are ready and capable to conduct friction test on runaways whenever in need of Calibration measurement & Operational Measurement, to make sure we are up to standard and code with ICAO standards. Friction test on runaway is important to determine whether the runaway is acceptable level of friction for Aircraft landing and take-off with minimal loss to braking action and directional control. At YACL, safety is a priority for our users at Yangon International Airport and Nay Pyi Taw Airport.

Read more

Press Release: [English Below]

၂၀၂၂ ခုနှစ်အတွင်း လေကြောင်းခရီးစဉ်ပျံသန်းမှုနှင့် ခရီးသည်ပမာဏ ပြန်လည်တိုးတက်လာသည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်

ရန်ကုန်၊ မြန်မာ၊ (၂၀၂၂) ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက် - ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ် ပျံသန်းပြေးဆွဲခွင့် ကန့်သတ်ချက်များအား ပြီးခဲ့သော (၂၀၂၂) ခုနှစ်၊ ဧပြီလ (၁၇) ရက်နေ့မှ စတင်၍ ဖြေလျှော့ပေးလိုက်ပြီးနောက် လေဆိပ်ဝန်ဆောင်မှုအသုံးပြုသူ ခရီးသည်ပမာဏနှင့် လေကြောင်းခရီးစဉ် ပျံသန်းပြေးဆွဲမှု အကြိမ်ရေများမှာ တဖြည်းဖြည်း ပြန်လည်မြင့်တက်လာခဲ့သည်။


(၂၀၁၉) ခုနှစ်အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ဝန်ဆောင်အသုံးပြုသူ ခရီးသည်ပမာဏ၏ (၃) ပုံ (၁) ပုံ နီးပါးနှင့် ညီမျှသော ဆိုက်ရောက်နှင့် ထွက်ခွာခရီးသည် ပမာဏ (၂.၁) သန်းခန့်ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနေဖြင့် ၂၀၂၂ ခုနှစ်အတွင်းတွင် ဝန်ဆောင်မှုပေးနိုင်ခဲ့သည်။ တစ်နှစ်တာအတွင်း ဝန်ဆောင်မှုပေးခဲ့သော ခရီးသည်ပမာဏ၏ (၅၇) ရာခိုင်နှုန်းမှာ ပြည်တွင်းလေကြောင်း ခရီးသည်များဖြစ်ပါသည်။ (၂၀၂၂) ခုနှစ်အတွင်း လေကြောင်းခရီးစဉ် ပျံသန်းပြေးဆွဲမှု အကြိမ်ရေ ၃၃,၇၅၀ ကြိမ်အထိ ဝန်ဆောင်မှုများပေးနိုင်ခဲ့ပြီး (၂၀၂၁) ခုနှစ်ကာလနှင့် နှိုင်းယှဉ်ပါက (၅၂) ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

မြန်မာဘာသာဖြင့် ထုတ်ပြန်ချက် အပြည့်အစုံအား ဖတ်ရှုရန် ဤနေရာကို နှိပ်ပါ။

Read more

[TRAVEL ADVISORY]

Yangon Aerodrome Company Limited ("YACL") မှ Myanmar Travel Fair 2023 တွင် ပါဝင်ပြသ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို စီမံခန့်ခွဲ၀န်ဆောင်မှုပေးနေသော Yangon Aerodrome Company Limited ("YACL") သည် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ("UMTA") နှင့် Myanmar Tourism and Entrepreneurs Association (“MTEA”) တို့ ပူးပေါင်းကျင်းပသော Myanmar Travel Fair 2023 တွင် ပါဝင်ပြသလျှက်ရှိသည်။

အဆိုပါ Myanmar Travel Fair 2023 ပြပွဲအား ဇန်နဝါရီလ (၂၇) ရက်နေ့မှ (၂၉) ရက်နေ့အထိ ဝန်ကြီးများရုံးတွင် ဝင်ကြေး (အခမဲ့) ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါ ပြပွဲတွင် မြန်မာ၊ ထိုင်း နှင့် မလေးရှားနိုင်ငံများမှ ခရီးသွားကုမ္ပဏီများ၊ လေကြောင်းလိုင်းများ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ လက်မှုပညာလုပ်ငန်းများနှင့် ပြည်တွင်းထွက်ကုန်များ၊ ဒေသထွက် စားသောက်ကုန်များ၊ အာမခံကုမ္ပဏီများ၊ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှု ကုမ္ပဏီများ နှင့် ခရီးသွားလုပ်ငန်း ဝန်ဆောင်မှု အေဂျင်စီများ ပါဝင်သော ပြခန်းပေါင်း (၄၀) ကျော် ပါဝင် ပြသလျှက်ရှိသည်။

YACL သည် မြန်မာနိုင်ငံ၏ သာယာလှပသော ဒေသများ နှင့် ဆက်သွယ်ချိတ်ဆက်ပျံသန်းနိုင်ရန် နွေးထွေးပျူငှာစွာ ဝန်ဆောင်မှုပေးသော လေဆိပ်ဝန်ဆောင်မှု စီမံခန့်ခွဲမှုလုပ်ငန်းအဖြစ် ပြပွဲတွင် ဆက်လက်ပါဝင်ပြသသွားမည်ဖြစ်သည်။

Read more

Subcategories

[Travel Advisory]

PASSENGER SERVICE CHARGE (PSC) UPDATE

Effective May 12, 2025, the Passenger Service Charge (PSC) will be adjusted to USD 25 for international departures and MMK 15,000 for domestic departures.

This change applies to all tickets purchased before 12 May 2025, if your travel date is on or after the mentioned date.

Passengers who purchased tickets before the 12 May, 2025,  are advised to contact their respective airlines or travel agencies for further information OR to pay at designated payment counters located in Terminal.

We appreciate your understanding and cooperation.

YIA Web


© Copyright 2018 by Yangon Aerodrome.