Yangon International Airport welcomes Singapore Airlines’ Inaugural Flight

Travel Advisory: [English Below]

Singapore Airlines ၏ SQ762/1 လေကြောင်းခရီးစဉ်အား ရန်ကုန်အပြည်အပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆို

ရန်ကုန် - မတ်လ (၂၆) ရက်နေ့၊ (၂၀၂၃) ခုနှစ် - ယနေ့တွင် Singapore Airlines ၏ Boeing 737-8 အမျိုးအစား လေယာဉ်အသစ်အား အသုံးပြု၍ စင်ကာပူ - ရန်ကုန် - စင်ကာပူ လေယာဉ်ခရီးစဉ်အား လေယာဉ်အမှတ် SQ762 / 1 ဖြင့် ဆိုက်ရောက်ခရီးသည် (၁၀၆) ဦး၊ ထွက်ခွာခရီးသည် (၁၅၀) ဦးဖြင့် စတင်ပျံသန်းပြေးဆွဲခဲ့ရာ Singapore Airlines နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တို့မှ ခရီးသည်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး ကြိုဆိုခဲ့ကြသည်။

အဆိုပါ Boeing 737-8 လေယာဉ်အမျိုးအစားအသစ်သည် Singapore Airlines ပိုင် လေယာဉ်များ၏ တစ်စိတ်တစ်ဒေသ ဖြစ်လာပြီ ဖြစ်ပြီး၊ လေယာဉ်အမျိုးအစားအသစ် အဆင့်မြှင့်တင်မှုများဖြင့် ပိုမိုကောင်းမွန်၍ ဘေးကင်းလုံခြုံသော လေကြောင်းခရီးသွားအတွေ့အကြုံအား ခရီးသည်များထံ ပေးစွမ်းသွားမည် ဖြစ်သည်။

SQ762/1 -စင်ကာပူ - ရန်ကုန် - စင်ကာပူ လေယာဉ်ခရီးစဉ်အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် ဆိုက်ရောက် ဒေသစံတော်ချိန် ၀၉:၂၀ မိနစ်၊ ထွက်ခွာ ဒေသစံတော်ချိန် ၁၀:၂၀ မိနစ်ဖြင့် နေ့စဉ် ပျံသန်းပြေးဆွဲသွားမည်ဖြစ်သည်။ ခရီးသည်များအနေဖြင့် မိမိတို့၏ ခရီးစဉ်များနှင့် ပက်သက်ပြီး သိရှိလိုသည်များကို www.singaporeair.com တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Yangon International Airport welcomes Singapore Airlines’ Inaugural Flight

Yangon - 26 March, 2023 - Singapore Airlines SQ762 / 1 had their Boeing 737-8 inaugural flight from Singapore to Yangon. The new aircraft carried 106 passengers to Yangon, and departed with 150 to Singapore. Arriving and departing passengers were provided with giveaway gifts from the SQ and YIA Team to celebrate the new aircrafts inaugural flight.

The Boeing 737-8 is part of the latest aircrafts to join SQ fleets. The new aircrafts have enhanced safety features to provide a better and safer customer experience.

The SQ762 / 1 will be flying Daily, arriving in Yangon at 09:20 AM and Departing to Singapore at 10:20 AM. For more Information, please visit www.singaporeair.com

Web 1

Web 2

Web 3

Web 4

Web 5

Web 6

Web 7


Web Developer: Myanmars.NET, Yangon, Myanmar. © Copyright 2018 by Yangon Aerodrome.