[English Below]
သီတင်းကျွတ်အားလပ်ရက်မှာတော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အဖွဲ့ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို ့မှာ ကျင်းပတဲ့ “Discover Austria” မှာ ပါဝင်ဆင်နွှဲခဲ့ပါတယ်။
"Discover Austria” ကို လေကြောင်းလိုင်းများ၊ ခရီးသွားလာရေးဘုတ်အဖွဲ့များ၊ ခရီးသွားကိုယ်စားလှယ်များ နှင့် သက် ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ပါဝင်ခဲ့ကြပါတယ်။
[English Below]
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် International Terminal နှင့် ကားရပ်နားရာ နေရာကို တိုက်ရိုက် ဆက်သွယ်ထားသည့် Link Bridge အား အများပြည်သူအသုံးပြုနိုင်ရေးအတွက် အောက်တိုဘာလ ၂၂ ရက်တွင် စတင်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ပါသည်။
[English Below]
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား YACL မှ လွှဲပြောင်းတာဝန်ယူကာ ဝန်ဆောင်မှု ပေးခဲ့သည့် (၃) နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနီး ပတ်ဝန်းကျင်ရှိ ဒေသခံများ၏ လိုအပ်ချက်များအနက်မှ ပညာရေး နှင့် ကျန်းမာရေးထောက်ပံ့ မှုများ ဆောင်ရွက်ပေးနိုင်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနီးပတ်ဝန်းကျင်ရှိ စာသင်ကျောင်းများ နှင့် ဒေသခံများအား သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။ ထိုသို့ သွားရောက်လေ့လာခဲ့မှုများအပေါ် အခြေခံ၍ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂ ရက် နှင့် ၃ ရက် နေ့များတွင် Yangon Aerodrome Company Limited ၏ လူထုအကျိုးပြု ပရဟိတလုပ်ငန်းများဆောင်ရွက်မှု ပထမဆုံးခြေလှမ်းအဖြစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်ပတ်ဝန်းကျင်ရှိ ကျောင်းများမှ ပညာရေးအထောက်အပံ့လိုအပ်နေသော ကလေးငယ် တစ်ထောင်ကျော်အတွက် ပညာရေးထောက်ပံ့ကြေး နှင့် ကျောင်းသုံးစာရေးကိရိယာများကို သွားရောက်လှူဒါန်းခဲ့ပါသည်။
[English Below]
Yangon Aerodrome Company Limited (YACL) သည် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်ဝန်ဆောင်မှု နှင့် စီမံခန့်ခွဲမှုလုပ်ငန်းများတာဝန်ယူဆောင်ရွက်ခြင်း (၃) နှစ်ပြည့်အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့တွင် Lotte Hotel ၌ ကျင်းပပြုလုပ်ခဲ့ပြီး လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် အတူတကွပူးပေါင်း ပါဝင်ပေးကြပါသော သက်ဆိုင်ရာ ဌာနများ၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက် ဂုဏ်ပြုခဲ့ကြပါသည်။
[English Below]
Yangon Aerodrome Company Limited (YACL) သည် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်ဝန်ဆောင်မှု နှင့် စီမံခန့်ခွဲမှုလုပ်ငန်းများ တာဝန်ယူဆောင်ရွက်ခြင်း ၃ နှစ်ပြည့်အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့တွင် Lotte Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။