[English Below]
အိန္ဒိယနိုင်ငံ၏ အကြီးမားဆုံးလေကြောင်းလိုင်းဖြစ်သော IndiGo သည် ၎င်း၏ ခရီးစဉ် ပျံသန်းမှုကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ယနေ့ စတင်လိုက်ပြီ ဖြစ်ပါသည်။
IndiGo လေကြောင်းလိုင်းသည် ၎င်း၏ခရီးစဉ်ကို A320 လေယာဉ်အမျိုးအစားကို အသုံးပြု၍ ကာလကတ္တား - ရန်ကုန်ကို နေ့စဉ် ချိတ်ဆက် ပျံသန်းပြေးဆွဲပေးသွားပါမည်။
အဆိုပါခရီးစဉ်သစ်သည် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံကြား လေကြောင်းချိတ်ဆက်ပျံသန်းမှုကို ပိုမို အဆင်ပြေချောမွေ့စေရုံသာမက ခရီးသွားလုပ်ငန်း ၊ ကုန်သွယ်ရေး နှင့် စီးပွားရေးလုပ်ငန်း ဆက်သွယ်ဆောင်ရွက်မှုများကိုပါ ပိုမိုကောင်းမွန်လာစေရန် အထောက်အပံ့ ပေးသွားနိုင်ဖို့ ရည်ရွယ်ထားပါသည်။
[English Below]
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေဆိပ်လုံခြုံရေးအသိပညာဖြန့်ဝေမှုနှင့် စီမံခန့်ခွဲမှုများအတွက် FOD Training Course ဆောင်ရွက်ပြီးစီး
ရန်ကုန် - စက်တင်ဘာ ၁၃ ရက်၊ ၂၀၁၉ ခုနှစ် - မြန်မာနိုင်ငံ၏ အစည်ကားဆုံးနိုင်ငံတကာလေဆိပ်ဖြစ်သော ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်း ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးနှင့် လုပ်ငန်းလည်ပတ်မှုပိုမိုအဆင်ပြေချောမွေ့စေရေးအတွက် ရည်ရွယ်၍ လေးရက်တာကြာမြင့်သည့် Foreign Object Debris (FOD) Training Program ကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
[English Below]
သတင်းထုတ်ပြန်ချက်
ရန်ကုန် - စက်တင်ဘာလ ၆ ရက် ၊ ၂၀၁၉ ခုနှစ်
လေးစားအပ်ပါသော ခရီးသွားပြည်သူများသို့ ပန်ကြားချက်
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (YIA) အား စီမံခန့်ခွဲဝန်ဆောင်မှုပေးနေသော Yangon Aerodrome Company Limited (YACL) အနေဖြင့် ယမန်နေ့ စက်တင်ဘာလ ၅ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (YIA) ၏ လေယာဉ်ပြေးလမ်းတွင် တပ်မတော်လေယာဉ်တစ်စီးပြေးလမ်းချော်မှုဖြစ်ပွားခဲ့သောကြောင့် လေယာဉ်ပြေးလမ်းပိတ်ထားခဲ့ရပြီး ရာသီဥတုအခြေအနေ ဆိုးဝါးမှုကြောင့် ပြေးလမ်းပိတ်ထားချိန် ထပ်မံကြာမြင့်ခဲ့ရကြောင်း အသိပေးလိုပါသည်။ မြန်မာ့တပ်မတော် (လေ) မှ ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့သော လေယာဉ်ကို ပြေးလမ်းပေါ်မှ အမြန်ဆုံးဖယ်ရှားရန် အတတ်နိုင်ဆုံးဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပြေးလမ်းပိတ်ထားချိန် ကြာမြင့်ခဲ့ရပါသည်။ ဤကဲ့သို့ကြာမြင့်ခဲ့မှုကြောင့် လေယာဉ်ခရီးစဉ်များစွာ အခြားလေဆိပ်များသို့ လွှဲပြောင်း ဆင်းသက်ခဲ့ရမှု၊ နောက်ကျမှု နှင့် ခရီးစဉ်ဖျက်သိမ်းမှုများ ဖြစ်ပွားခဲ့ရပါသည်။
[English Below]
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ယာယီပိတ်ထားသော လေယာဉ်ပြေးလမ်းအား ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်သုံးစွဲ
The operations of runway return to normal at Yangon International Airport
ရန်ကုန် - စက်တင်ဘာလ ၆ ရက် ၊ ၂၀၁၉ ခုနှစ် - ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ စက်တင်ဘာလ ၅ ရက် နံနက် ၁၁:၂၀ နာရီမှစ၍ ခေတ္တပိတ်ထားသော လေယာဉ်ပြေးလမ်းအား စက်တင်ဘာလ ၆ ရက် နံနက် ၀၆:ဝ၀ နာရီတွင် ပြန်လည်ဖွင့်လှစ်ပြီး လုပ်ငန်းများ ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်နေပြီဖြစ်ပါသည်။
[English Below]
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လေယာဉ်ပြေးလမ်းပိတ်ထားချိန်အား ထပ်မံတိုးမြှင့်
ရန်ကုန် - စက်တင်ဘာလ ၅ ရက် ၊ ၂၀၁၉ ခုနှစ် - ယနေ့ စက်တင်ဘာလ ၅ ရက်နေ့ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (“YIA”) ၏ လေယာဉ်ပြေးလမ်း၌ တပ်မတော်လေယာဉ်တစ်စီးပြေးလမ်းချော်မှုဖြစ်ပွားသောကြောင့် လေယာဉ်ပြေးလမ်းအား စက်တင်ဘာလ ၅ ရက် နံနက် ၁၁:၂၀ နာရီမှ ည ၂၃:ဝ၀ နာရီအထိ ပိတ်ထားချိန်အား စက်တင်ဘာလ ၆ ရက် နံနက် ၀၂:ဝ၀ နာရီအထိ ထပ်မံတိုးမြှင့်ထားပါသည်။
ဤကဲ့သို့ ပြေးလမ်းပိတ်ချိန်တိုးမြှင့်လိုက်ရခြင်းမှာ လေယာဉ်ပြေးလမ်းရှင်းလင်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ဆဲ ဖြစ်သောကြောင့် ဖြစ်ပါသည်။
အဆိုပါအချိန်အတွင်း လေယာဉ်ပြေးလမ်းရှင်းလင်းရေးကို စနစ်တကျဆောင်ရွက်လျက်ရှိပြီး ပြေးလမ်းအား ဘေးကင်းလုံခြုံမှုရှိစေရေး အတွက်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ခရီးသည်များအနေဖြင့် လေယာဉ်ခရီးစဉ်အချိန်ပြောင်းလဲမှုများအတွက် သက်ဆိုင်ရာ လေကြောင်းလိုင်းများသို့ တိုက်ရိုက်ဆက်သွယ်စုံစမ်းပါရန် အကြံပြုလိုပါသည်။
လေယာဉ်ပြေးလမ်းပြန်လည်ဖွင့်လှစ်မည့်အချိန်ကို ထပ်မံကြေညာပေးသွားပါမည်။