[English Below]
ရန်ကုန် - ဖေဖော်ဝါရီလ ၂၆ ရက်၊ ၂၀၂၀ ခုနှစ် - အာရှဒေသတွင်း ခရီးစဉ်မြို့အသစ်များ တိုးချဲ့ပျံသန်းပြေးဆွဲမှုကြောင့် မြန်မာနိုင်ငံ၏ အဓိကလေကြောင်း ၀င်ထွက်ပေါက်အား အသုံးပြုသူခရီးသည် အရေအတွက်သည် ၂၀၁၉ ခုနှစ်အကုန်တွင် ၆.၅ သန်း စံချိန်တင်ရရှိခဲ့ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား စီမံခန့်ခွဲ ၀န်ဆောင်မှုပေးလျက်ရှိသော Yangon Aerodrome Company Limited (“YACL”) က ယနေ့ထုတ်ပြန်ကြေညာခဲ့ပါသည်။
[English Below]
YACL၀န်ထမ်းများ Airports Council International (“ACI”) ၏ Global Safety Network (“GSN”) Diploma Programme ကို အောင်မြင်စွာတက်ရောက်ပြီးစီးပြီး Gold နှင့် Silver Diplomas များလက်ခံရရှိသည့် အခမ်းအနားကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
[English Below]
ခရီးသည်များကို လုံခြုံရေးစစ်ဆေးမှုလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် စောင့်ဆိုင်းချိန်လျော့ကျစေပြီး ပိုမိုအဆင်ပြေချောမွေ့စွာ ဝင်ထွက်သွားလာနိုင်ရန်အတွက် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်တွင်း Terminal ( Gate 3 ) တွင် လုံခြုံရေးစစ်ဆေးမှုစက်ကိရိယာများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (YIA) အား စီမံခန့်ခွဲ ဝန်ဆောင်မှုပေးနေသော Yangon Aerodrome Company Limited (YACL) မှ ထပ်မံဖြည့်တင်းထားရှိပြီး တိုးမြှင့်ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ အဆိုပါထပ်မံဖြည့်တင်း ထားမှုဖြင့် ယခုအခါ ပြည်တွင်း Terminal အဆောက်အအုံရှိ အဓိကဝင်ပေါက်အားလုံးတွင် လုံခြုံရေးစစ်ဆေးမှုကိရိယာများ တပ်ဆင်ပြီးစီး၍ လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် နေပါသည်။
[English Below]
Coronavirus ရောဂါစစ်ဆေးစောင့်ကြပ်ကြည့်ရှုခြင်းများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သေချာစွာ ကြပ်မတ်ဆောင်ရွက်လျက် ရှိပါသည်။ YACL အနေဖြင့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့မှစတင်၍ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနနှင့် အနီးကပ်ပူးပေါင်းကာ လေဆိပ်အသုံးပြုသူများ၏ လုံခြုံရေးနှင့် ကျန်းမာရေးအတွက် လိုအပ်သော ဆောင်ရွက်ချက်များကို စီမံဆောင်ရွက်ထားပြီး ကျန်းမာရေးစောင့်ကြပ်စစ်ဆေးမှုများလည်း ဆောင်ရွက်ထားရှိပါသည်။
အကယ်၍
- ဖျားနာခြင်း
- ချောင်းဆိုးခြင်း
- အသက်ရှုကြပ်ခြင်း
- နှာချေခြင်း စသည့် တုပ်ကွေးဆန်သော ရောဂါလက္ခဏာများ ဖြစ်ပွားလျက်ရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနများတွင် သွားရောက်စစ်ဆေးကုသမှုခံယူရန် သို့မဟုတ် Terminal 1 ၊ Arrival Hall ရှိ လေဆိပ် ကျန်းမာရေးဌာနခွဲ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ သတင်းပို့ဆက်သွယ်ရန် သို့မဟုတ် ၀၁ - ၉၆၇၀၅၄၃ သို့ ဆက်သွယ်ရန် အကြံပြုလိုပါသည်။
အသေးစိတ်သိရှိလိုပါက : https://www.mohs.gov.mm/
ကျန်းမာရေးစစ်ဆေးကြပ်မတ်ခြင်းများအပေါ် လူကြီးမင်းတို့၏ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ရှိပါသည်။
[English Below]
ဂန္ဓဗ္ဗရုပ်ရှင်ဇာတ်ကားကြီးရုံတင်ပြသခြင်းအတွက် YACL မှ ဂုဏ်ပြုအပ်ပြီး အဓိကပံ့ပိုးကူညီသူအဖြစ် ပါဝင်ရခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်လျက်ရှိပါသည်။ ဂန္ဓဗ္ဗအဖွဲ့သားများအားလုံးအောင်မြင်ပါစေကြောင်း YACL မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။