[English Below]
ရန်ကုန် - မြန်မာ၊ မေလ ၁၄ ရက်၊ ၂၀၂၀ ခုနှစ် - မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ကို မတ်လ ၃၀ ရက်၊ မြန်မာစံတော်ချိန် ၂၃၅၉နာရီမှ စတင်ကာ မေလ ၁၅ ရက်၊ မြန်မာစံတော်ချိန် ၂၃၅၉ နာရီ အထိ ထပ်မံတိုးမြှင့်ခဲ့ပြီး ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန် အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ရပ်ဆိုင်းခြင်းကာလကို ၂၀၂၀ ခုနှစ်၊ မေလ ၃၁ ရက်၊ မြန်မာစံတော်ချိန် ၂၃၅၉ နာရီအထိ ထပ်မံတိုးမြှင့်ရန် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဗဟိုကော်မတီမှ ဆုံးဖြတ်လိုက်ကြောင်း မေလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်ပါသည်။
[English Below]
ရန်ကုန် ၊ မြန်မာ - မေလ ၈ ရက် ၊ ၂၀၂၀ ခုနှစ် - မြန်မာနိုင်ငံအစိုးရ၏ လမ်းညွှန်ချက်များနှင့်အညီ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ("YIA") ရှိ နိုင်ငံတကာခရီးစဉ်ပျံသန်းပြေးဆွဲမှုများကို ဧပြီလ (၂၄) ရက်နေ့မှ စတင်၍ ခေတ္တရပ်နားထားပြီးနောက် အဆိုပါရပ်နားမှုကို မေလ (၁၅) ရက်နေ့အထိ ထပ်မံတိုးမြှင့်ထားသော်လည်း ကယ်ဆယ်ရေးနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေး ခရီးစဉ်များမှာမူ ဆက်လက် ပျံသန်းပြေးဆွဲပေးနေသည်ဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား စီမံခန့်ခွဲဝန်ဆောင်မှုပေးနေသော Yangon Aerodrome Company Limited (“YACL”) က ယနေ့ထုတ်ပြန်ကြေညာခဲ့သည်။
[English Below]
ရန်ကုန် - မြန်မာ၊ ဧပြီလ ၂၄ ရက်၊ ၂၀၂၀ ခုနှစ် - မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ကန့်သတ်ချက်ကို မေလ ၁၅ ရက်၊ မြန်မာစံတော်ချိန် ၂၃၅၉ နာရီအထိ ထပ်မံတိုးမြှင့်လိုက်ပြီဖြစ်ပါသည်။
[English Below]
ရန်ကုန် - ဧပြီလ ၂၄ ရက် ၊ ၂၀၂၀ ခုနှစ် - မြန်မာနိုင်ငံ၏ အဓိကလေကြောင်းဝင်ထွက်ပေါက်ဖြစ်သော ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (“YIA”) သည် ၂၀၂၀ ခုနှစ်၊ ပထမသုံးလတာကာလအတွင်း လေဆိပ်အသုံးပြုသူ ခရီးသည်ပေါင်း ၁.၄၆ သန်း ကို လက်ခံ၀န်ဆောင်မှုပေးခဲ့ပါသည်။ ကူးစက်မြန်ကပ်ရောဂါ COVID-19 ကြောင့် ကမ္ဘာလှည့် ခရီးသွားလာခွင့် ကန့်သတ်ချက်များနှင့်အတူ ကမ္ဘာ့လေကြောင်းသယ်ယူပို့ဆောင်ရေးကဏ္ဍတွင် စိန်ခေါ်မှုများ ရင်ဆိုင်နေရသောကြောင့် ယမန်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၁၇.၁၄ ရာခိုင်နှုန်းကျဆင်းခဲ့ပါသည်။
[English Below]
လေဆိပ်အသုံးပြုသူ ခရီးသွားများအနေဖြင့်
လတ်တလော ဖြစ်ပွားလျက်ရှိသော ကူးစက်ရောဂါအခြေအနေများအရ သင်၏ ကျန်းမာရေးကို အကာအကွယ်ပေးနိုင်ရန် မိမိတို့ကိုယ်ပိုင် ရေခွက် သို့မဟုတ် ရေဘူးများအား အသုံးပြုပေးကြပါရန် အသိပေးအပ်ပါသည်။
YACL စီမံခန့်ခွဲမှုအဖွဲ့