Further Extension of Temporary Measures at Yangon International Airport [Up to 31 May 2020]

[English Below]

ရန်ကုန် - မြန်မာ၊ မေလ ၁၄ ရက်၊ ၂၀၂၀ ခုနှစ် - မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ  ပျံသန်းပြေးဆွဲခွင့်ကို မတ်လ ၃၀ ရက်၊ မြန်မာစံတော်ချိန် ၂၃၅၉နာရီမှ စတင်ကာ မေလ ၁၅ ရက်၊ မြန်မာစံတော်ချိန် ၂၃၅၉ နာရီ အထိ  ထပ်မံတိုးမြှင့်ခဲ့ပြီး ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန် အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ရပ်ဆိုင်းခြင်းကာလကို ၂၀၂၀ ခုနှစ်၊ မေလ ၃၁ ရက်၊ မြန်မာစံတော်ချိန် ၂၃၅၉ နာရီအထိ ထပ်မံတိုးမြှင့်ရန် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဗဟိုကော်မတီမှ ဆုံးဖြတ်လိုက်ကြောင်း မေလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်ပါသည်။

Yangon, Myanmar, 14 May 2020 – According to the notice from the Department of Civil Aviation, the restrictions for all airlines operating international air services to and from Yangon International Airport has been suspended starting from 30 March 2359 Hours MST and further extended up to 15 May 2020 2359 Hours MST.

In order to continue to contain the spread of COVID-19 in Myanmar effectively, the National Central Committee for Prevention, Control, and Treatment of COVID-19 has decided to further extend the effective period of the Temporary Measures up to 31 May 2020 2359 Hours MST by the notification issued on 14 May 2020.

 

Download English Press Release Here.

Download Myanmar Press Release Here.

 

 

WEB


Web Developer: Myanmars.NET, Yangon, Myanmar. © Copyright 2018 by Yangon Aerodrome.