[English Below]
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လေယာဉ်ပြေးလမ်းယာယီပိတ်ထားချိန်အား ထပ်မံတိုးမြှင့်
ရန်ကုန် - စက်တင်ဘာလ ၅ ရက် ၊ ၂၀၁၉ ခုနှစ် - ယနေ့ စက်တင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (“YIA”) ၏ လေယာဉ်ပြေးလမ်း၌ တပ်မတော်လေယာဉ်တစ်စီးပြေးလမ်းချော်မှုဖြစ်ပွားသောကြောင့် လေယာဉ်ပြေးလမ်းအား နံနက် ၁၁:၂၀ နာရီမှ ည ၁၉:ဝ၀ နာရီအထိ ခေတ္တပိတ်ထားချိန်အား ည ၂၃:ဝ၀ နာရီအထိ ထပ်မံတိုးမြှင့်ထားပါသည်။
ဤကဲ့သို့ ပြေးလမ်းပိတ်ချိန်တိုးမြှင့်လိုက်ရခြင်းမှာ လေယာဉ်ပြေးလမ်းရှင်းလင်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ဆဲ ဖြစ်သောကြောင့် ဖြစ်ပါသည်။
အဆိုပါအချိန်အတွင်း လေယာဉ်ပြေးလမ်းရှင်းလင်းရေးကို စနစ်တကျဆောင်ရွက်ပြီး ပြေးလမ်းအား ဘေးကင်းလုံခြုံမှုရှိစေရေး အတွက်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ခရီးသည်များအနေဖြင့် လေယာဉ်ခရီးစဉ်အချိန်ပြောင်းလဲမှုများအတွက် သက်ဆိုင်ရာလေကြောင်းလိုင်းများသို့ တိုက်ရိုက်ဆက်သွယ် စုံစမ်းပါရန် အကြံပြုလိုပါသည်။
လေယာဉ်ပြေးလမ်းပြန်လည်ဖွင့်လှစ်မည့်အချိန်ကို ထပ်မံကြေညာပေးသွားပါမည်။
[English Below]
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လေယာဉ်ပြေးလမ်းယာယီပိတ်ထားချိန်အား တိုးမြှင့်
ရန်ကုန် - စက်တင်ဘာလ ၅ ရက် ၊ ၂၀၁၉ ခုနှစ် - ယနေ့ စက်တင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (“YIA”) ၏ လေယာဉ်ပြေးလမ်း၌ တပ်မတော်လေယာဉ်တစ်စီးပြေးလမ်းချော်မှုဖြစ်ပွားသောကြောင့် လေယာဉ်ပြေးလမ်းအား နံနက် ၁၁:၂၀ နာရီမှ ညနေ ၁၄:၂၀ နာရီအထိ ခေတ္တပိတ်ထားချိန်အား ညနေ ၁၆:ဝ၀ အထိ တိုးမြှင့်ထားပါသည်။ ဤကဲ့သို့ ပြေးလမ်းပိတ်ချိန် တိုးမြှင့်လိုက်ရခြင်းမှာ လေယာဉ်ပြေးလမ်းရှင်းလင်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ဆဲဖြစ်သောကြောင့် ဖြစ်ပါသည်။
အဆိုပါအချိန်အတွင်း လေယာဉ်ပြေးလမ်းရှင်းလင်းရေးကို စနစ်တကျဆောင်ရွက်ပြီး ပြေးလမ်းအား ဘေးကင်းလုံခြုံမှုရှိစေရေး အတွက်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ပြေးလမ်းယာယီပိတ်ထားစဉ်အတွင်း အဆင်းလေယာဉ်ခရီးစဉ်များ နောက်ကျမှုများနှင့် အပြောင်းအလဲများဖြစ်ပေါ်နိုင်ပြီး ခရီးသည်များအနေဖြင့် လေယာဉ်ခရီးစဉ်အချိန်ပြောင်းလဲမှုများအတွက် သက်ဆိုင်ရာလေကြောင်းလိုင်းများသို့ တိုက်ရိုက်ဆက်သွယ်စုံစမ်းပါရန် အကြံပြုလိုပါသည်။
လေယာဉ်ပြေးလမ်းပြန်လည်ဖွင့်လှစ်မည့်အချိန်ကို ထပ်မံကြေညာပေးသွားပါမည်။
[English Below]
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လေယာဉ်ပြေးလမ်းယာယီပိတ်ထားခြင်း
ရန်ကုန် - စက်တင်ဘာလ ၅ ရက် ၊ ၂၀၁၉ ခုနှစ် - ယနေ့ စက်တင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (“YIA”) ၏ လေယာဉ်ပြေးလမ်း၌ တပ်မတော်လေယာဉ်တစ်စီးပြေးလမ်းချော်မှုဖြစ်ပွားသောကြောင့် လေယာဉ်ပြေးလမ်းအား နံနက် ၁၁:၂၀ နာရီမှ နေ့လည် ၁၄:၂၀ နာရီအထိ ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ပြေးလမ်းယာယီပိတ်ထားစဉ်အတွင်း အဆင်းလေယာဉ်ခရီးစဉ်များ နောက်ကျမှုများဖြစ်ပေါ်နိုင်ပြီး ခရီးသည်များအနေဖြင့် လေယာဉ်ခရီးစဉ်အချိန်ပြောင်းလဲမှုများအတွက် သက်ဆိုင်ရာလေကြောင်းလိုင်းများသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
လေယာဉ်ပြေးလမ်းပြန်လည်ဖွင့်လှစ်မည့်အချိန်ကို ထပ်မံကြေညာပေးသွားပါမည်။
[English Below]
၂၄နာရီဝန်ဆောင်မှုပေးနိုင်သည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော Premium Service Lounge ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် စတင်ဖွင့်လှစ်
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေဆိပ်အသုံးပြုသူ ခရီးသည်များ ခရီးသွားလာရာတွင် အချိန် နှောင့်နှေးမှု မဖြစ်ပေါ်စေဘဲ လွယ်ကူမြန်ဆန်ချောမွေ့စွာ ထွက်ခွာသွားလာနိုင်ရန်အတွက် ပထမဆုံးသော ၂၄နာရီပတ်လုံး ဝန်ဆောင်မှုပေးသွားမည့် ကြယ်ငါးပွင့်အဆင့်ရှိ Mingalar Sky Premium Lounge ကို ယနေ့ စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါသည်။
[English Below]
JC (ကမ္ဘောဒီးယား) အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း၏ ဖနွမ်းပင် - ရန်ကုန် တိုက်ရိုက်လေကြောင်းခရီးစဉ်ကို သြဂုတ်လ ၁၇ ရက်နေ့မှ စတင်၍ အပတ်စဉ် တနင်္လာ၊ ကြာသပတေး၊ နှင့် စနေနေ့တိုင်း ပြေးဆွဲပျံသန်းသွားမည်ဖြစ်ပါသည်။
JC လေကြောင်းလိုင်း၏ ယခုခရီးစဉ်သစ်တိုးချဲ့ပျံသန်းပြေးဆွဲမှုသည် မြန်မာနှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံကြား ချိတ်ဆက်သွားလာမည့် ခရီးသည်များအတွက် ပိုမိုအဆင်ပြေလွယ်ကူ စွာ သွားလာစေနိုင်မည် ဖြစ်ပါသည်။