Yangon International Airport welcomes THAI Airways International’s Inaugural Flight

Travel Advisory: [English Below]

THAI Airways International ၏ ဘန်ကောက် - ရန်ကုန် - ဘန်ကောက် တိုက်ရိုက် လေကြောင်းခရီးစဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြန်လည်ပြေးဆွဲ

ရန်ကုန် - ဇူလိုင်လ (၁၆) ရက်နေ့၊ (၂၀၂၃) ခုနှစ် - THAI Airways International လေကြောင်းလိုင်း၏ ဘန်ကောက် - ရန်ကုန် - ဘန်ကောက် တိုက်ရိုက်လေကြောင်းခရီးစဉ်အား လေယာဉ်အမှတ် TG302 / 1 ဖြင့် ဆိုက်ရောက်ခရီးသည် (၁၀၃) ဦး၊ ထွက်ခွာခရီးသည် (၁၅၂) ဦးဖြင့် စတင်ပြန်လည်ပြေးဆွဲခဲ့ရာ ခရီးသည်များအား THAI Airways International နှင့် YACL တို့မှ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး ကြိုဆိုခဲ့ကြသည်။

အဆိုပါ လေကြောင်းလိုင်း ခရီးစဉ် ပြန်လည် ပြေးဆွဲပျံသန်းခြင်းအခမ်းအနား နှင့် ရေဖျန်းမင်္ဂလာပြုလုပ်ခြင်းအစီအစဉ်ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ Terminal 1 တွင် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး HE. Mr. Mongkol Visitstump၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အထွေထွေမန်နေဂျာ ဦးအောင်မြင့်သိန်း၊ THAI Airways International ၏ Director of Sales ဖြစ်သူ Mr. Wit Kitchathorn, Indo-China Team Lead Mr. Chawarit Thanasombatnanth နှင့် THAI Airways International လေကြောင်းလိုင်း မြန်မာနိုင်ငံ၏ တစ်ဦးတည်းသော ကိုယ်စားလှယ် Tori Travel ၏ CEO Dr. Lin Myat Tun တို့ တက်ရောက်ဂုဏ်ပြုကြိုဆိုခဲ့ပါသည်။

ဘန်ကောက် - ရန်ကုန် - ဘန်ကောက် တိုက်ရိုက်လေကြောင်းခရီးစဉ်အား TG 302 (Morning Flight) ၊ TG 304 (Evening Flight) တို့ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နေ့စဉ် တစ်နေ့လျှင် (၂) ကြိမ် ပျံသန်းပြေးဆွဲသွားမည်ဖြစ်သည်။ ခရီးသည်များအနေဖြင့် မိမိတို့၏ ခရီးစဉ်များနှင့် ပက်သက်ပြီး သိရှိလိုသည်များကို http://www.thaiairways.com နှင့် THAI Airways International လေကြောင်းလိုင်း မြန်မာနိုင်ငံ၏ တစ်ဦးတည်းသော ကိုယ်စားလှယ် Tori Travel ၏ Facebook Page https://tinyurl.com/29vxwfz5 တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Yangon International Airport welcomes THAI Airways International’s Inaugural Flight

Yangon - 16 Jul, 2023 - Yangon International Airport warmly welcomed the return of THAI Airways International Flight No. TG302 / 1 from Bangkok with (103) passengers on arrival to Yangon and (152) departure passengers were gifted small gifts for the inguagural flight by THAI Airways International and YACL Team members.

The inauguration ceremony and water salute program was held at YIA’s Terminal 1 and officiated by His Excellency Mr. Mongkol Visitstump, The Ambassador of Thailand, U Aung Myint Thein, General Manager of Department of Civil Aviation, Mr. Wit Kitchathorn, Director of Sales, THAI Airway International and Dr. Lin Myat Tun, CEO of Exclusive Sales Agent of Myanmar of THAI Airways International, Tori Travel.

THAI Airways International will be flying daily. Travelers are advised to check with http://www.thaiairways.com for updates on schedules.

1

2

3

4

5

6

7

8

9

10


Web Developer: Myanmars.NET, Yangon, Myanmar. © Copyright 2018 by Yangon Aerodrome.