Xiamen Airlines Resumes its Xiamen - Yangon Commercial Flights to Yangon International Airport

Travel Advisory: [English Below]

Xiamen Airlines ၏ ရှာ့မန် - ရန်ကုန် တိုက်ရိုက်လေကြောင်းခရီးစဉ်များ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြန်လည်ပြေးဆွဲ

ရန်ကုန် - ဧပြီလ (၂၆) ရက်နေ့၊ (၂၀၂၃) ခုနှစ် - Xiamen Airlines ၏ ရှာ့မန် - ရန်ကုန် တိုက်ရိုက် လေကြောင်းခရီးစဉ် ပြန်လည်ပြေးဆွဲမှုကို ယနေ့ (၂၀၂၃) ခုနှစ်၊ ဧပြီလ (၂၆) ရက်နေ့မှ စတင်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြန်လည်ပြေးဆွဲခဲ့ပြီဖြစ်ပါသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အနေဖြင့် ဒေသစံတော်ချိန် ညနေ (၅) နာရီ (၃၀) မိနစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှာ့မန်မြို့မှ ခရီးသည် (၁၅၂) ဦးဖြင့် ပျံသန်းဆိုက်ရောက်လာသော Xiamen Airlines ၏ လေယာဉ်အမှတ် - MF8669/70 အား ဝမ်းမြောက်စွာ ကြိုဆိုခဲ့ပြီး၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဆိုက်ရောက်ခရီးသည်များအား အမှတ်တရလက်ဆောင် Key Chain များ ပေးအပ်ခဲ့သည်။

Xiamen Airlines မှ ရန်ကုန်မြို့ နှင့် ရှာ့မန်မြို့အကြား အပတ်စဉ် တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့ နှင့် သောကြာနေ့တိုင်း (တစ်ပတ်လျှင် ၃ ကြိမ်) တိုက်ရိုက်ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်သည်။ ခရီးသည်များအနေဖြင့် မိမိတို့၏ ခရီးစဉ်များနှင့် ပက်သက်ပြီး သိရှိလိုသည်များကို https://www.xiamenair.com/en-ww/ တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ 

Xiamen Airlines Resumes its Xiamen - Yangon Commercial Flights to Yangon International Airport

Yangon - 26 April, 2023 - Xiamen Airlines marks the recommencement of scheduled commercial flights to Myanmar on 26th April 2023 at Yangon International Airport. YIA warmly welcomed the return of Xiamen Airlines Flight No. MF8669/70 from Xiamen with (152) passengers, the People's Republic of China to Yangon at the scheduled ETA of 17:30 hours. Passenger on arrival were gifted a small key chain by YACL.

The three weekly flights (Mon / Wed / Fri) of Xiamen Airlines now operate between Yangon and Xiamen. Travelers are advised to check with https://www.xiamenair.com/en-ww/ for updates on schedules.

1

2

3

4

5

6

7


Web Developer: Myanmars.NET, Yangon, Myanmar. © Copyright 2018 by Yangon Aerodrome.