YACL team extended a welcome IndiGo's 200th Cargo Flight at Yangon International Airport

[English Below]

Yangon Aerodrome Company Limited (YACL) မှ IndiGo လေကြောင်းလိုင်း၏ အကြိမ်ရေ (၂၀၀) ပြည့်အဖြစ် ပျံသန်းပြေးဆွဲလာသော ကုန်စည်သယ်ယူပို့ဆောင်ရေး ခရီးစဉ်အား လက်ခံကြိုဆို

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဝန်ဆောင်မှုလုပ်ငန်းများအား စီမံခန့်ခွဲလျှက်ရှိသော Yangon Aerodrome Company Limited (YACL) သည် IndiGo လေကြောင်းလိုင်း၏ အကြိမ်ရေ (၂၀၀) ပြည့်အဖြစ် ပျံသန်းပြေးဆွဲလာသော ကုန်စည်သယ်ယူပို့ဆောင်ရေး ခရီးစဉ် (Cargo Flight) ၊ ခရီးစဉ်အမှတ် (9956 / 9957) အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်နေ့တွင် လက်ခံကြိုဆိုခဲ့ပါသည်။

COVID-19 ကပ်ဘေးရောဂါကာလအတွင်း IndiGo သည် ရန်ကုန် နှင့် ကာလကတ္တားအကြား အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲမှုကို ယာယီဆိုင်းငံ့ထားသော်လည်း ၂၀၂၀ ခုနှစ်၊ မေလ (၁) ရက်နေ့မှစတင်ကာ ဆေးဝါးနှင့်ဆေးပစ္စည်းများ၊ အခြေခံလူသုံးကုန်ပစ္စည်းများကို ကုန်စည်သယ်ယူပို့ဆောင်ရေး လေယာဉ်ခရီးစဉ်များ (non-scheduled charter flights) ဖြင့် ပျံသန်း သယ်ယူပို့ဆောင်ပေးခဲ့ရာ ၎င်း၏ ကုန်စည်သယ်ယူပို့ဆောင်ရေး လေယာဉ်ခရီးစဉ်များသည် ယမန်နှစ် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့ ၌ ပျံသန်းပြေးဆွဲမှု အကြိမ်ရေ (၁၀၀) ပြည့်မြောက်ခဲ့ပြီးဖြစ်ပါသည်။ [အသေးစိတ်ဖတ်ရှုရန်]

၂၀၁၉ ခုနှစ် ဇွန်လ၊ အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့၌ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် နှင့် YACL တို့ ပူးပေါင်းစီစဉ်ခဲ့သော “ The Enchanted Myanmar Expo” ခရီးသွားပြပွဲ အလွန် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလမှ စတင်၍ IndiGo ၏ လေကြောင်းသယ်ယူပို့ဆောင်ရေးခရီးစဉ်များကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပျံသန်းပြေးဆွဲခဲ့ခြင်းဖြစ်သည်။ [သတင်းထုတ်ပြန်ချက်

YACL အနေဖြင့် IndiGo ၏ လေယာဉ်ခရီးစဉ်များ၊ ကုန်စည်သယ်ယူပို့ဆောင်ရေး လေယာဉ်ခရီးစဉ်များကို ပံ့ပိုးဝန်ဆောင်မှုပေးရခြင်းအတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါသည်။

YACL team extended a welcome IndiGo's 200th Cargo Flight at Yangon International Airport

The YACL Team welcomes and extends our congratulations to IndiGo’s 6E (9956 / 9957), 200th cargo flight at Yangon International Airport.

Following the Covid-19 pandemic, IndiGo has stopped all scheduled flights between Yangon and Kolkata, limiting to non-scheduled cargo operational flights, transporting medical supplies and essentials between Kolkata and Yangon since 1 May 2020. On 18 November 2020, IndiGo has already achieved its 100th cargo flight during the pandemic period. [Read More]

IndiGo has been operating at Yangon International Airport since November 2019, following June 2019, of “The Enchanted Myanmar Expo” organized by the Myanmar Tourism Federation and YACL in Kolkata, India. [Press Release

YACL is proud to support and facilitate IndiGo activities and Yangon International Airport.

Website 1Website 2Website 3Website 4Website 5


Web Developer: Myanmars.NET, Yangon, Myanmar. © Copyright 2018 by Yangon Aerodrome.