Suspension of International Flights Operation extended till 30 September 2021

[English Below]

အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်ပြေးဆွဲခွင့် ရပ်ဆိုင်းခြင်းကာလအား စက်တင်ဘာလ (၃၀) ရက်နေ့ထိ တိုးမြှင့်သတ်မှတ်

မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၃၀) ရက်နေ့ ထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ကန့်သတ်ချက်ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့၊ မြန်မာစံတော်ချိန် ၂၃၅၉ နာရီ အထိ ထပ်မံတိုးမြှင့်လိုက်သည်။

မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာထိန်းချုပ်နိုင်ရန် မူလသတ်မှတ်ထားသည့် ရပ်ဆိုင်းခြင်းကာလကို ထပ်မံတိုးမြှင့်ရန် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဗဟိုကော်မတီမှ သဘောတူဆုံးဖြတ်လိုက်သည်။

ခရီးသည်များအနေဖြင့် မိမိတို့၏ ခရီးစဉ်များနှင့် ပက်သက်ပြီး သိရှိလိုသည်များကို သက်ဆိုင်ရာ လေကြောင်းလိုင်းများထံသို့ တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ပါသည်။

Suspension of International Flights Operation extended till 30 September 2021

According to the notice from the Department of Civil Aviation issued on 30 August 2021, the earlier restrictions for all international airlines operating air services to and from the Yangon International Airport have been further extended up to 30 September 2021, 2359 Hours MST.

To continue to contain the spread of COVID-19 in Myanmar effectively, the National Central Committee for Prevention, Control, and Treatment of COVID-19 has approved further to extend the effective period of the Temporary Measures.

Travelers are advised to check with respective airlines or travel agents for updates on schedules.

Web


Web Developer: Myanmars.NET, Yangon, Myanmar. © Copyright 2018 by Yangon Aerodrome.