Yangon International Airport (YIA) welcomes Biman Bangladesh flight carrying COVID-19 related Medical Items

[English Below]

ကူးစက်မြန်ကပ်ရောဂါ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရန် အတွက် ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများ သယ်ဆောင်လာသည့် Biman Bangladesh လေယာဉ်အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကြိုဆို

မြန်မာနိုင်ငံတွင်လည်း ကြုံတွေခံစားနေရသော ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရန် အတွက် အိန္ဒိယသမ္မတနိုင်ငံမှ ပေးပို့လှူဒါန်းသော ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများ သယ်ဆောင်လာသည့် Biman Bangladesh လေယာဉ်အမှတ် BG-4098 အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် (၂၀၂၁) ခုနှစ်၊ ဩဂုတ်လ (၂၀) ရက်နေ့တွင် လက်ခံကြိုဆိုခဲ့ပါသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် နိုင်ငံတဝှမ်း ကူးစက်မြန်ကပ်ရောဂါကြုံတွေ့ရင်ဆိုင်နေရသော ကာလတွင် အလွန်အရေးပါသော ကယ်ဆယ်ရေးနှင့် ကုန်တင်လေယာဉ်များကို ဝန်ဆောင်မှုပေးနေခြင်းဖြင့် နိုင်ငံနှင့်ပြည်သူများအတွက် တစ်ဖက်တစ်လမ်းမှ ပါဝင်ခွင့်ရသည့်အတွက် အထူးဂုဏ်ယူမိပါသည်။ ဆက်လက်၍လည်း YIA အနေဖြင့် ကယ်ဆယ်ရေးနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေး ခရီးစဉ်များအား စွမ်းစွမ်းတမံ ဝန်ဆောင်မှုပေးသွားမည် ဖြစ်ပါသည်။

Yangon International Airport (YIA) welcomes Biman Bangladesh flight carrying COVID-19 related Medical Items

The Medical Items, bound for Myanmar, arrived at Terminal 1, Yangon International Airport, with Biman Bangladesh Flight No. BG-4098 carrying COVID-19 related Medical Items gifted by the Government of India on 20th August 2021.

YIA is proud to support this activity and will continue to contribute our efforts in facilitating essential relief and cargo flights.

Web 1web 2web 3 1629561727web 4web 5

 

 


Web Developer: Myanmars.NET, Yangon, Myanmar. © Copyright 2018 by Yangon Aerodrome.