Yangon Aerodrome Company Limited (YACL) donates medical and safety equipment to the Department of Civil Aviation (DCA).

[English Below]

Yangon Aerodrome Company Limited (YACL) မှ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ ကူးစက်မြန်ရောဂါ COVID-19 ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်း

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား စီမံခန့်ခွဲဝန်ဆောင်မှုပေးလျှက်ရှိသော Yangon Aerodrome Company Limited (YACL) သည် ကူးစက်မြန်ရောဂါ COVID-19 တတိယလှိုင်းကို တိုက်ဖျက်ရန် ပူးပေါင်းကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် COVID-19 ကာကွယ်ရေး အထောက်အကူပြု ဆေးဘက်ဆိုင်ရာ ပစ္စည်းများကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၁၆) ရက်နေ့တွင် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ လှူဒါန်းခဲ့သည်။ အဆိုပါ လှူဒါန်းမှုကို လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးခန်းတွင် ပြုလုပ်ခဲ့ပြီး လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုး နှင့် တာဝန်ရှိသူများ၊ YACL ၏ စီမံခန့်ခွဲမှု တာဝန်ရှိသူ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

ပါဝင်လှူဒါန်းခဲ့သည့် ဆေးဝါးအထောက်အကူပြုပစ္စည်းများစာရင်း

  • အောက်ဆီဂျင်အသက်ရှူစက် (Medical Grade Oxygen Concentrator) x (၅) လုံး
  • လက်သန့်ဆေးရည် (၉ လီတာ) x ဘူး (၅၀) (စုစုပေါင်း ၄၅၀ လီတာ)
  • တစ်ခါသုံး ပါးစပ်နှာခေါင်းစည်း Mask x အခု (၁၀၀၀၀)

ကူးစက်မြန်ရောဂါ COVID-19 တတိယလှိုင်းသည် မြန်မာတစ်နိုင်ငံလုံး နှင့် လေကြောင်းပို့ဆောင်ဆက်သွယ်ရေးကဏ္ဍကိုပါ ထိခိုက်မှုများဖြစ်စေလျှက်ရှိသည်။ COVID-19 ကပ်ရောဂါဆိုင်ရာ စိန်ခေါ်မှု အခြေအနေအရပ်ရပ်အား သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၏ လမ်းညွှန်များနှင့်အညီ လိုအပ်သော ကြိုတင်ကာကွယ်ရေးအစီအမံများအား လုပ်ဆောင်လျှက်ရှိပါသည်။ YACL သည် ၎င်း၏ ချမှတ်ထားသော လုပ်ငန်းဦးတည်ရည်မှန်းချက် တစ်စိတ်တစ်ပိုင်းဖြစ်သည့် လေဆိပ်ဝန်ဆောင်မှုလုပ်ငန်း အဆင်ပြေချောမွေ့စွာ လည်ပတ်စေရေး နှင့် လေဆိပ်ဝန်ဆောင်မှု အသုံးပြုသူများ၊ လေကြောင်းဆိုင်ရာ မိတ်ဖက်၊ စီးပွားဖက်များ၏ ကျန်းမာဘေးကင်းစွာ လုပ်ငန်းလည်ပတ်လုပ်ဆောင်နိုင်စေရေးတို့အတွက် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့်အတူတကွ ပူးပေါင်း၍ COVID-19 ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် အားဖြည့်ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။

ယခုလှူဒါန်းမှူသည် ပြည်သူလူထု၏ ကျန်းမာရေး နှင့် COVID-19 ကာကွယ်ခြင်း၊ ထိန်းသိမ်းခြင်း နှင့် ကုသခြင်းတို့အတွက် ကျန်းမာရေးရှုထောင့်အသီးသီးတွင် အထောက်အပံ့ကောင်း ဖြစ်စေမည် ဖြစ်ပါသည်။

Yangon Aerodrome Company Limited (YACL) donates medical and safety equipment to the Department of Civil Aviation (DCA)

Yangon Aerodrome Company Limited (YACL), the operator of Yangon International Airport (YIA), donated medical equipment and supplies to the Department of Civil Aviation (DCA) as part of a joint effort to combat the Covid-19 Third Wave on 16th August 2021. While observing social distancing manners, the donation occurred at the office of the Department of Civil Aviation and was attended by the Director-General of DCA, U Kyaw Soe and his members, and the YACL management team.

The donated equipment and supplies

  • Oxygen Concentrator (Medical Grade)  x 5 Units
  • Hand Sanitizer (9 L) x 50 Units (Total 450 Liters)
  • Surgical Mask x 10,000 Qty

The third wave of Covid-19 is crashing down on Myanmar and the aviation industry. It is undergoing challenges with various situations and taking the necessary steps for preventive measures according to the guidelines from respective authorities. As part of its commitment to seamless airport operations and for the safety of all airport users and industry business partners_ YACL and DCA will strengthen their efforts together combatting Covid-19 since the pandemic started. The donation will assist in every health aspect for the people in the prevention, containment, and treatment of COVID-19.

Web 1

Web 3

Web 5

 


Web Developer: Myanmars.NET, Yangon, Myanmar. © Copyright 2018 by Yangon Aerodrome.