Resumed Operations of Gate 4 at Terminal 3 (Domestic Terminal)

[English Below]

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Domestic Terminal (Terminal 3) ရှိ Gate-4 အား ပြန်လည်အသုံးပြုနိုင်ပြီဖြစ်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မိုးရာသီကာလအတွင်း ခရီးသည်များနှင့် လေဆိပ်အသုံးပြုသူများ ပိုမိုအဆင်ပြေချောမွေ့သော ဝန်ဆောင်မှုရရှိစေရေးအတွက် Terminal 3 ရှိ Gate 4 တွင်အမိုးအကာအား တိုးချဲ့ဆောက်လုပ်ခြင်းအား ၂၀၂၁ ခုနှစ်၊ မေလ (၂၁) ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်သဖြင့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့တွင် ပုံမှန်အတိုင်း ပြန်လည်အသုံးပြုလျှက်ရှိပြီ ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ လေဆိပ်အသုံးပြုသူ ခရီးသည်များအနေဖြင့်

  • Gate 1 နှင့် 4 ကို ဝင် / ထွက်ပေါက် အဖြစ်လည်းကောင်း
  • Gate 3 ကို ထွက်ပေါက် အဖြစ်လည်းကောင်း အသုံးပြုသွားပါရန် အသိပေးအပ်ပါသည်။

လေဆိပ်ဝန်ဆောင်မှုအသုံးပြုသူ ခရီးသည်များအနေဖြင့်

  • ဘေးကင်းလုံခြုံစိတ်ချမှုရှိသော ခရီးစဉ်အတွက် လေဆိပ်အဆောက်အအုံအတွင်း ချမှတ်ထားသော ပြည်သူ့ကျန်းမာရေးဆိုင်ရာ အစီအမံများအား တိကျစွာလိုက်နာကြပါရန် နှင့်
  • မိမိတို့၏ ယာဉ်များရပ်နားရာတွင် သတ်မှတ်ထားသော ယာဉ်ရပ်နားရမည့်နေရာကိုသာ အသုံးပြုရပ်နားပေးကြရန်လည်း YACL မှ တိုက်တွန်းအပ်ပါသည်။ 

ခရီးသည်များအားလုံး ဘေးကင်းကျန်းမာကြပါစေ။ 

Resumed Operations of Gate 4 at Terminal 3 (Domestic Terminal)

To provide more convenient services and better facilities for the domestic airport users during the rainy season, the upgrading work for the existing canopy at Gate 4, Terminal 3 started from 21st May 2021; now has been completed and back in normal service as of 12th July 2021.

Airport users are kindly advised to utilize;

  • Gate 1 and 4 for Entrance / Exit and 
  • Gate 3 for Exit-Only

Yangon Aerodrome Company Limited (YACL) advised all the airport users,

  • To keep following the protocols of the public health facilities set up at the airport building, 
  • To follow the defined parking spots for stopping the cars. 

Thank You, and Stay Safe!

1 web

2 web

3 web

4 web


Web Developer: Myanmars.NET, Yangon, Myanmar. © Copyright 2018 by Yangon Aerodrome.