Suspension of International Flights Operation extended till 28 February 2021

[English Below]

အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်ပြေးဆွဲခွင့်ရပ်ဆိုင်းခြင်းကာလအား ဖေဖော်၀ါရီလ (၂၈) ရက်နေ့ထိ တိုးမြှင့်သတ်မှတ်

မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ၂၀၂၁ ခုနှစ်၊ ဇန်န၀ါရီလ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ကန့်သတ်ချက်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်၀ါရီလ၂၈ ရက်နေ့၊ မြန်မာစံတော်ချိန် ၂၃၅၉နာရီအထိ ထပ်မံတိုးမြှင့်လိုက်သည်။

မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာထိန်းချုပ်နိုင်ရန် မူလသတ်မှတ်ထားသည့် ရပ်ဆိုင်းခြင်းကာလကို ထပ်မံတိုးမြှင့်ရန် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဗဟိုကော်မတီမှ သဘောတူဆုံးဖြတ်လိုက်သည်။

ပြည်တွင်းလေကြောင်းလိုင်းများ ပျံသန်းပြေးဆွဲမှုကို သက်ဆိုင်ရာမှ ချမှတ်ထားသော လူထုကျန်းမာရေးစံသတ်မှတ်ချက်များနှင့်အညီ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှစတင်ပြီး ပြန်လည်၍ ဝန်ဆောင်မှုပေးလျက်ရှိသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနေဖြင့် ဤကာလအတွင်းတွင် အရေးပါသောကယ်ဆယ်ရေးနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးခရီးစဉ်များပျံသန်းပြေးဆွဲမှုကို စဉ်ဆက်မပြတ် ဝန်ဆောင်မှုပေးကာ လေဆိပ်အတွင်း လူထုကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များအတိုင်း ကာကွယ်မှုများကို ဆောင်ရွက်ထားလျက်ရှိပါကြောင်း အသိပေးအပ်ပါသည်။

 

Suspension of International Flights Operation extended till 28 February 2021

According to the notice from the Department of Civil Aviation issued on 30 January 2021, the earlier restrictions for all international airlines operating air services to and from the Yangon International Airport have been further extended up to 28 February 2021, 2359 Hours MST.

To continue to contain the spread of COVID-19 in Myanmar effectively, the National Central Committee for Prevention, Control, and Treatment of COVID-19 has approved further to extend the effective period of the Temporary Measures.

However, the Domestic Operation has resumed since 15 December 2020 and now in service with full compliance with public health's recommended practices from authorities.

YIA remains committed to supporting the operation of medical evacuation, relief, and all-cargo flights following the recommended public health precautionary practices during this challenging period.

International Travel Advisory


Web Developer: Myanmars.NET, Yangon, Myanmar. © Copyright 2018 by Yangon Aerodrome.