Yangon Aerodrome Company Limited (YACL) Strengthens Airport Maintenance, Safety and Cleaning Measures at Yangon International Airport

[English Below]

ရန်ကုန်၊ မေလ ၁၉ ရက်၊ ၂၀၂၀ – ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား စီမံခန့်ခွဲဝန်ဆောင်မှုပေးလျက်ရှိသော Yangon Aerodrome Company Limited (YACL) သည် ၎င်း၏ ချမှတ်ထားသော လုပ်ငန်းဦးတည်ရည်မှန်းချက် တစ်စိတ်တစ်ပိုင်း ဖြစ်သည့် လေဆိပ်အဆောက်အအုံ ပြုပြင်ထိန်းသိမ်းရေး ၊ ဘေးကင်းလုံခြုံရေး ၊ လေဆိပ်ဝန်ဆောင်မှုအသုံးပြုသူများ နှင့် လေကြောင်းဆိုင်ရာ မိတ်ဖက်၊ စီးပွားဖက်များ၏ ကျန်းမာဘေးကင်းစွာ လုပ်ငန်းလုပ်ဆောင်လည်ပတ်နိုင်ရေး စသည်တို့နှင့်အညီ လေဆိပ်အဆောက်အအုံ ဧရိယာများကို ပြုပြင်ထိန်းသိမ်း ခြင်း၊ သန့်ရှင်းခြင်း နှင့် ပိုးသတ်ခြင်း လုပ်ငန်းစဉ်များကို COVID-19 ကူးစက်ရောဂါဖြစ်ပွားမှု ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့် ယာယီရပ်ဆိုင်းခြင်း ကာလ၌ပင် တိုးမြှင့်လုပ်ဆောင်ခဲ့သည်။

၂၀၂၀ ခုနှစ် မတ်လ ၈ ရက်နေ့မှ စတင်၍ YACL သည် သက်ဆိုင်ရာမှ အတည်ပြုထားသော Airport Public Health Contingency Plan (APHCP) ပါ စည်းမျဉ်းများအတိုင်း လေဆိပ်အဆောက်အအုံ နှင့် Airside ဧရိယာများအား ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်းကို လေဆိပ်ဝန်ဆောင်မှုအသုံးပြုသူများ ၊ ခရီးသည်များ၏ ကျန်းမာရေးကို အကောင်းဆုံး ကာကွယ်မှုဖြစ်စေရန် နှင့် လေဆိပ်၏ Airside ဧရိယာများအား အသုံးပြုနေကြသူ လေကြောင်းလိုင်းများ၊ မြေပြင်ဝန်ဆောင်မှုပေးသူများ ပိုမိုကောင်းမွန်စွာ လုပ်ငန်းလည်ပတ်နိုင်စေရေးအတွက် တိုးမြှင့်လုပ်ဆောင်လျက် ရှိသည်။ 

 

Yangon, 19 May 2020 – As part of its commitment regarding airport maintenance, safety and health/hygiene to all airport users and industry business partners, YACL, the operator of Yangon International Airport (YIA) has strengthened the type and frequency of airport maintenance, as well as the cleaning and disinfection processes in all areas within YIA's premises, taking advantage of the enforced temporary ban (restrictions) for all international flights, as a preventive measure for the containment the COVID-19 viral outbreak.

Since the 08 March, 2020 YACL reinforced its regular maintenance on terminals and airside facilities and implementing all measures considered in the Airport Public Health Contingency Plan (APHCP), approved by the Regulator, stepping up the safeguard for the health of the airport users and travelers as well as providing enhanced operational supports at the airside areas for airlines and ground handlers.

Download English Press Release Here.

Download Myanmar Press Release Here.

 

1

3

4

5

8

10

11

13

15

17

20

36

35

39

37

38

40


Web Developer: Myanmars.NET, Yangon, Myanmar. © Copyright 2018 by Yangon Aerodrome.