Extension of Effective Period of Temporary Measures to Prevent Importation of COVID-19 to Myanmar Through Air Travel

[English Below]

ရန်ကုန် - မြန်မာ၊ ဧပြီလ ၁၁ ရက်၊ ၂၀၂၀ ခုနှစ် - မြန်မာနိုင်ငံ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့၏ ထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ဆိုက်ရောက်ခွင့်ကို မတ်လ ၃၀ ရက် မှ ဧပြီလ ၁၃ ရက်အထိ ယာယီရပ်ဆိုင်းထားခဲ့ပြီး ဖြစ်ပါသည်။

အထက်ဖော်ပြပါ ယာယီရပ်ဆိုင်းချက်အား ပြန်လည်သုံးသပ်ပြီးနောက် ကူးစက်မြန် COVID-19 ရောဂါ မြန်မာနိုင်ငံတွင်း ကူးစက်ပြန့်ပွားမှု အစောပိုင်းအဆင့်ကို ပိုမိုထိရောက်သော ပြင်ဆင်မှုများ၊ တုံ့ပြန်ကာကွယ်ရေးလုပ်ငန်းစဉ်များဖြင့် ထိရောက်စွာ ထိန်းချုပ်နိုင်ရန် အချိန်ပိုမိုရရှိစေရေးအတွက် မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် အဆိုပါ ယာယီရပ်ဆိုင်းချက်အား ၂၀၂၀ ခုနှစ်၊ ဧပြီလ ၃၀ ရက် မြန်မာစံတော်ချိန် ၂၃ နာရီ ၅၉ မိနစ်အထိ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ဧပြီလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်ပါသည်။

 

Yangon, Myanmar 11 April 2020 – According to the notice from the Ministry of Health and Sports and Department of Civil Aviation, the landing of all international commercial passenger flights has been suspended temporarily at Yangon International Airport (“YIA”) from 30 March to 13 April.

After carrying out a review on the above Temporary Measures, the Ministry of Health and Sports, with the approval of the National Central Committee for Prevention, Control and Treatment of COVID-19, has extended the effective period of the said Temporary Measures up to 30 April 2020 2359 Hours MST by the notification issued on 11 April 2020 to effectively contain the spread of COVID-19 in Myanmar during the early stage of the outbreak and to gain more time to implement effective preparedness and response measures.

 

Download English Notice here.

Download Myanmar Notice here.

Download Ministry of Healths and Sports Notice here.

 


Web Developer: Myanmars.NET, Yangon, Myanmar. © Copyright 2018 by Yangon Aerodrome.