[English Below]
Yangon Aerodrome Company Limited (YACL) သည် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်ဝန်ဆောင်မှု နှင့် စီမံခန့်ခွဲမှုလုပ်ငန်းများတာဝန်ယူဆောင်ရွက်ခြင်း (၃) နှစ်ပြည့်အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့တွင် Lotte Hotel ၌ ကျင်းပပြုလုပ်ခဲ့ပြီး လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် အတူတကွပူးပေါင်း ပါဝင်ပေးကြပါသော သက်ဆိုင်ရာ ဌာနများ၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက် ဂုဏ်ပြုခဲ့ကြပါသည်။
(၃) နှစ်ပြည့်အခမ်းအနားကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အတူ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ပြီး ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်အနေဖြင့် မြန်မာ့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည် ဆိုသည့်အချက်ကို မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ ချုပ်၏ ဆောင်ပုဒ်ဖြစ်သော Be Enchanted အားညွှန်းဆိုကာ ယှဉ်တွဲကျင်းပခဲ့ကြပါသည်။
ဂုဏ်ပြုအခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဒေါ်မေမြတ်မွန်ဝင်းတို့မှ အမှတ်တရ ဂုဏ်ပြုစကားများ ပြောကြားပေးခဲ့ပြီး Yangon Aerodrome Company Limited (YACL) ၏ ဥက္ကဌ ဦးထွန်းမြင့်နိုင်မှလည်း ကျေးဇူးတင်စကား ပြောကြားခဲ့ပါ သည်။
တာဝန်ရှိသူများ အခမ်းအနားတွင် ပြောကြားသွားသည့် အမှတ်တရဂုဏ်ပြုစကားများ
Yangon Aerodrome Company Limited (YACL) held its 3rd Anniversary of Operation and Management at Yangon International Airport (YIA) on 6 October 2018 at Lotte Hotel to celebrate its achievements over its 3-year journey and to express appreciation to the officials and partners.
In conjunction with YACL’s 3rd-anniversary celebration, the Ministry of Hotels and Tourism and the Myanmar Tourism Federation-MTF participated in the occasion to bring forth its latest initiative for the development of tourism with its latest theme of “Be Enchanted”.
YIA is proud and honored to participate MTF in providing the everlasting first and last impression of the beauty, warmth, and delights of Myanmar and the people of Myanmar.
At the celebration dinner, H.E U Ohn Maung, Union Minister for Hotels and Tourism, H.E U Kyaw Myo, Deputy Minister, Ministry of Transport and Communications, Daw May Myat Mon Win, Vice Chairman, Myanmar Tourism Federation delivered their congratulations to YACL for its successful journey and U Htun Myint Naing, Chairman, Yangon Aerodrome Company Limited (YACL) expresses thank-you message to all the stakeholders supporting YACL.
Speech details can be downloaded below.
H.E U Ohn Maung, Union Minister for Hotels and Toursim, Speech at YACL 3rd Anniversary
Daw May Myat Mon Win, Vice Chairman, MTF Speech at YACL 3rd Anniversary
Text of Speech By U Htun Myint Naing, Chairman of Yangon Aerodrome Company Limited