[ English below ]

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (YIA) သည် Airports Council International (ACI) ၏ (APEX Programme) ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လုပ်ဆောင်ချက်များတွင်ပါဝင်ခဲ့

Yangon International Airport – YIA performs Airports Council International’s Apex Programme for its safety enhancement

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (YIA) သည် Airports Council International (ACI) ၏ APEX Programme အရ စက်တင်ဘာလ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လေဆိပ်လုပ်ငန်းများဆောင် ရွက်ရာတွင် လုံခြုံရေးစစ်ဆေးအကဲဖြတ်မှုများ၊ လေယာဉ်ဆိုက်ကပ်ရပ်နားရာ ဧရိယာရှိ လေဆိပ်အဆောက်အအုံများ၊ ကယ်ဆယ်ရေး၊ မီးသတ်ဝန်ဆောင်မှု နှင့် ဘေးအန္တရာယ်ကင်းရှင်းရေးစီမံခန့်ခွဲမှုစနစ်တို့ကို အကဲဖြတ်စစ်ဆေးသည့် လုပ်ငန်းစဉ်များဆောင်ရွက်မှုကို လက်ခံကြိုဆိုဆောင်ရွက်ခဲ့ပါသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေသော Yangon Aerodrome Company Limited (YACL) ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လက်ရှိတွင် ကျင့်သုံးနေသော ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာစံနှုန်းများနှင့်တကွ အနာဂတ်တွင် လိုအပ်လာမည့်စံနှုန်း အချက်များပေါ် အခြေခံ၍ လေဆိပ်၏ ၀န်ဆောင်မှုလုပ်ငန်းများနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးစနစ်များကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်ကိုက်ညီစေရေး အစရှိသော လိုအပ်သော ဖြည့်တင်းဆောင်ရွက်မှုများကို အဆင့်မြှင့်တင်ပြုလုပ်နိုင်ရန် အဆိုပါ အကဲဖြတ်စစ်ဆေးရေးအဖွဲ့အား ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပါသည်။

APEX team တွင် ကနေဒါနိုင်ငံ Montreal ရှိ ACI ရုံးချုပ် ၊ Bangalore အပြည်ပြည်ဆိုင်ရာလေဆိပ် နှင့် အိန္ဒိယရှိ ဒေလီ အပြည်ပြည်ဆိုင်ရာလေဆိပ်( Airports of Mauritius Co Ltd) နှင့် အမေရိကန်နိုင်ငံ တက္ကဆက်ရှိ San Antonio အပြည်ပြည်ဆိုင်ရာလေဆိပ်တို့ မှ လေဆိပ် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ပြုပြင်ထိန်းသိမ်းရေး နှင့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များ ပါဝင်ပါသည်။

YACL သည် ACI နှင့်အတူ ပိုမိုကောင်းမွန်သော ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် လေဆိပ်ဝန်ဆောင်မှုပေးနိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိရာတွင် ၎င်းတို့၏ ရည်ရွယ်ထားကြသည့် လေဆိပ်လုပ်ငန်းများကိုစီမံခန့် ခွဲလုပ်ကိုင်ရာတွင်ထင်ရှား ကျော်ကြားမှုနှင့်အတူ အသိအမှတ်ပြုခံရဆုံးဖြစ်သော Airport Operations Management Programmes (APEX) အရ အပြည်ပြည်ဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေးစံချိန်စံညွှန်းများနှင့် ကိုက်ညီကြောင်း ကြေငြာချက်ထုတ်ပြန်နိုင်ခဲ့ပါသည်။

Yangon International Airport – YIA performs Airports Council International’s Apex Programme for its safety enhancement

Yangon International Airport (YIA) hosted Airports Council International (ACI) APEX Programme’s team for a thorough Airport Safety Assessment to operations, airside aerodrome infrastructure, Rescue and Firefighting Service and Safety Management System (SMS) from 3 to 7 September 2018 at Yangon International Airport.

Yangon Aerodrome Company Limited (YACL), the operator of YIA, requested the international survey team to identify and propose the required actions to meet international Safety standards, enhancing its services and systemic safety awareness at the airport based on its current and future requirements.

The Apex team was comprised international aviation professionals such as Airport Safety, Maintenance and Regulatory experts from ACI HQ in Montreal (Canada) together with Bangalore International Airport, Delhi International Airport Limited (India), Airports of Mauritius Co Ltd and San Antonio International Airport (Texas – USA).

YACL celebrated a Commitment Declaration for compliance with ACI that covered all applicable international Safety standards, adhering to one of the most renown and recognized airport operation management programmes (APEX), aiming for a superior level of Safety and airport service provision.